ဝါရှင်တန် – ဒီဇင်ဘာ(၁၇) 

အားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ထုတ်ဝေတာကို တားမြစ်တဲ့ စည်းမျဉ်း ဥပဒေ တွေနဲ့ သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့ တွစ်တာပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်စ် အကြောင်း ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သတင်းထောက်တွေရဲ့ တွစ်တာအကောင့်တွေ ပိတ်သိမ်း ခံလိုက်ရပါတယ်။ 

အကောင့်ဆိုင်းငံ့ခံရတာနဲ့ ပတ်သက်ပြီး တွစ်တစ်ခုကို တုံ့ပြန်တဲ့ အနေနဲ့ သူ့ကိုယ်သူ လွတ်လပ်စွာ ပြောဆိုခွင့်မရှိသူလို့ မက်စ်က ဖော်ပြခဲ့ပြီး သတင်းထောက်တွေလို အလားတူ စည်းမျဉ်းတွေဟာ တခြားသူတွေနဲ့ သက်ဆိုင်တယ်လို့ တွစ်တာ စည်းမျဉ်းတွေကို ကိုးကားကာ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေ မျှဝေတာကို တားမြစ်ပိတ်ပင်ခဲ့တာပါ။ 

မက်စ်ဟာ တွစ်တာက ရပ်ဆိုင်းထားတဲ့ အကောင့်ဟာ အများသူငှာဒေတာကို အသုံးပြုပြီး သူ့ရဲ့ ကိုယ်ပိုက် ဂျက်လေယာဉ်ကို အချိန်နဲ့ တပြေးညီ ခြေရာခံနေတဲ့ အကောင့်တစ်ခု ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

“ငါ့ကို တနေကုန် ဝေဖန်တာဟာ လုံးဝအဆင်ပြေပါတယ်၊ ဒါပေမယ့် ငါ့ရဲ့အချိန်နဲ့တပြေးညီ တည်နေရာနဲ့ ငါ့မိသားစုကို အန္တရာယ်ဖြစ်စေတာတော့ မဟုတ်တော့ဘူး” လို့ မက်စ်က သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ 

ဒါ့အပြင် မက်စ်ရဲ့ လေယာဉ်ကို နောက်ယောင်ခံလိုက်နေတဲ့ အကောင့်ကို ပိတ်ပင်တားမြစ်တာ မပြုဖို့ ပြောဆိုခဲ့ကာ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ကတိကဝတ်ပြုတဲ့ သူ့ရဲ့ ပြောဆိုချက်ကို ပြီးခဲ့တဲ့ လက တွစ်တာမှာ ရေးသားခဲ့ဖူးပါသေးတယ်. 

တွစ်တာအသုံးပြုသူတွေရဲ့ အချက်အလက်တွေဖော်ထုတ်ဲ့ အကောင့်တွေကို ပြန်လည် ထည့်သွင်း ရမယ့် အချိန်ကို မဲပေးဖို့ စစ်တမ်းတစ်ခု တောင်းဆိုပြီးနောက် (၇) ရက်ကြာ ဆိုင်းငံ့ထားမှာဖြစ် တယ်လို့ ကြာသပတေးနေ့က ရေးသားထားပါတယ်။ 

စစ်တမ်းမှာ ရွေးချယ်စရာများစွာကို ကမ်းလှမ်းခဲ့ပြီး အဲဒါကို ပြန်လည်လုပ်ဆောင်မယ်လို့ ပြော ခဲ့တဲ့ ရလဒ်တွေအရ တချို့သော အကောင့်တွေကို ချက်ချင်း ပြန်လည်ထည့်သွင်းဖို့အတွက် မဲပေး ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုထားပေမယ့် တွစ်တာက ချက် ချင်းတုံ့ပြန်တာမရှိသေးပါဘူး။ 

တွစ်တာကို မက်စ် တာဝန်ယူပြီးတည်းက ဝန်ထမ်းထောင်ပေါင်းများစွာကို အလုပ်ထုတ်တာ နဲ့ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့ အကောင့်အပါအဝင် တားမြစ်အကောင့်တွေကို ပြန်လည်အသက်သွင်းတာဟာ လူပြောများစေခဲ့တာဖြစ်ပါတယ်။

Ref: CN A

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.