တိုကျို- ဒီဇင်ဘာ (၁၇)

ဂျပန်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် ကြာသပတေးနေ့မှာ စစ်မှုထမ်းငါးဦးကို လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုတွေပြုလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သူတို့ကိုထုတ်ပယ်ခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု တိုင်ကြားချက်ပေါင်း ၁၀၀ကျော်ကို လက်ခံရရှိပြီးတဲ့နောက်မှာ စစ်တပ် အတွင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့  စစ်သားဟောင်းတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအ ပါအဝင် အခြားလေးဦးကိုပါ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောကြားခဲ့တာပါ။

 Rina Gonoi  ရီနာဂိုနွိုင် အမည်ရှိ စစ်သမီးဟာ အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေရဲ့ စော်ကားမှုများစွာကို ခံခဲ့ရပြီး စစ်မှုထမ်းတာဝန်ကို စွန့်လွှတ်ခဲ့ရတယ်လို့ ပြီးခဲ့တဲ့နှစ်က ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားခဲ့ပါတယ်။

တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရတဲ့ စစ်သားငါးဦးအနက် လေးဦးဟာ သူတို့ရဲ့ စော်ကားမှုတွေကို ဝန်ခံခဲ့ပြီး အောက် တိုဘာလမှာ သူမကိုတောင်းပန်ခဲ့တာဖြစ်ပါတယ်။ စော်ကားခဲ့တဲ့ထဲက ကျန်ခဲ့တဲ့ လူတစ်ဦးကတော့ သူတို့် ၄ဦး ကို ချုပ်ကိုင်တဲ့သူဖြစ်ကြောင်းပြောကြားထားပါတယ်။

ဖူကူရှီးမားမှာရှိတဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အုပ်ချုပ်မှုအရာရှိဟာ သင့်လျော်တဲ့စုံစမ်းစစ်ဆေးမှုတွေ ကို မပြုလုပ်တဲ့အတွက် သူ့ကိုတော့ ခြောက်လကြာတာဝန်မှဆိုင်းငံ့ခံခဲ့ရပါတယ်။ 

စစ်တပ်အကြီးအကဲ Yoshihide Yoshida (ယိုရှီဟီဒဲ ယိုရှီဒါ) က ဂိုနွိုင် ကို ထပ်ခါတလဲလဲ တောင်းပန်ခဲ့ပြီး “ဒီအဖွဲ့အစည်းရဲ့ အကြီးအကဲအနေနဲ့  ဂိုနွိုင်ရဲ့ ဝမ်းနည်းမှုနဲ့ နာကျင်မှုအပေါ်မှာ နားလည်ပြီးပြင်းပြင်းထန် ထန်ခံစားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဩဂုတ်လက အကြီးတန်းလုပ်ဖော်ကိုင်ဖက် အမျိုးသားတွေဟာ လေ့ကျင့်ရေးကွင်းရှိ အဆောင်တစ်ခုမှာ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဝိုင်းဖိထားပြီး အခြားလုပ်ဖော်ကိုင်ဖက် အမျိုးသား ၁၀ယောက်ကျော်က ဖြစ်ပျက်နေတဲ့အဖြစ်အပျက်ကို ရပ်တန့်အောင် ဘယ်သူမှ မကြိုးစားခဲ့ကြဘူးလို့ Gonoi က ပြောပါတယ်။

“စော်ကားသူလေးဦးဟာ သူတို့ရဲ့ ပြစ်ဒဏ်ရဲ့ လေးနက်မှုဘယ်လိုပဲရှိရှိ သူတို့အပြစ်ကို  ရိုးရိုးသားသား တာဝန် ယူဖို့ မျှော်လင့်ပါတယ်” လို့ ဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ ဆောင်ရွက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ Gonoi က တွစ်တာမှာ ရေးသားခဲ့တာပါ။

ပြီးခဲ့တဲ့မေလမှာ သူမရဲ့အမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ရုပ်သိမ်းခဲ့ကြတာပါ။ ဂိုနွိုင်ဟာ စစ်တပ် ကနေ နုတ်ထွက်ပြီး ဆိုရှယ်မီဒီယာမှာ သူမရဲ့အဖြစ်အပျက်ကိုထုတ်ဖော်ပြောကြားပြီးနောက် သြဂုတ်လမှာ လူပေါင်း တစ်သိန်းကျော်က ပြန်လည်စစ်ဆေးပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနထံ လက်မှတ်ရေးထိုးထားတဲ့ အသနားခံ စာတစ်စောင်ကို တင်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်မှာတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး နဲ့ပတ်သက်ပြီး မိဘတွေကလည်း စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာပါ။

စစ်တပ်နဲ့ပတ်သက်ပြီး ဝန်ကြီးဌာနတစ်ခုလုံးမှာ တိုင်ကြားစာပေါင်း ၁၄၁၄ ခု တွေ့ရှိခဲ့တယ်လို့  ဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

တိုင်ကြားစာတွေရဲ့ ၈၄ ရာခိုင်နှုန်းခန့်ဟာ အာဏာအလွဲသုံးစားလုပ်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ၁၁၆ မှု ရှိ တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ အဖွဲ့အစည်းအလိုက် တပ်မတော်ဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက် နှောင့်ယှက် မှုအများဆုံးဖြစ်ပွားပြီး အမှုပေါင်း ၈၂၂ မှု၊  ရေတပ်မှာဖြစ်ပွားတဲ့ အမှုပေါင်းက ၂၇၉ မှု၊ လေတပ်မှာ ဖြစ်ပွားတဲ့အမှုပေါင်း ၂၀၃ မှု အထိရှိနေတာပါ။

ဂိုနွိုင်အနေနဲ့လည်း ဒီလိုထုတ်ဖော်ပြောကြားခဲ့ရတာဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံခဲ့ရပေမယ့် မပြောရဲကြတဲ့ သူ့လိုလူမျိုးအတွက် ကူညီပေးချင်လို့ဖြစ်ကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

Ref;CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.