December 17, 2022

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းထောက်သုံးဦးကို အလုပ်ကြမ်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ(၁၇) စစ်ကောင်စီက ဖမ်းဆီးထားတဲ့သတင်းသမားတွေအနက်က သုံးဦးကို ဒီဇင်ဘာ ၁၆ရက်က နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့ မိသားစုတွေထံမှသိရပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ (၁၁ )ရက်က ဖမ်းဆီးခံခဲ့ရတဲ့ သင်္ကန်းကျွန်းပို့စ်သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝေလင်းယု၊တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို မနေ့က အင်းစိန်ထောင်တွင်းတရားရုံးကနေ ပေါက်ကွဲစေတတ်သောရုပ်ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ(၅)နဲ့စွပ်စွဲပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့တာပါ။ စစ်ကောင်စီဟာ မထက်ထက်အောင်ကို ရန်ကုန်မြို့ သာကေတမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးစဉ်က…

စစ်ကောင်စီကို ICC မှာ ချက်ချင်းအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ထုတ်ပြန်

မော်လမြိုင် – ဒီဇင်ဘာ(၁၇) စစ်ကောင်စီက ပြည်သူတွေကို ကျူးလွန်နေတဲ့ပြစ်မှုတွေကနေ ကင်းလွတ်ခွင့်ရနေတာ အဆုံးသတ်ပြီး နိုင်ငံတကာရာဇဝတ်မှုခုံရုံး(ICC) အနေနဲ့ ချက်ချင်းအရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် တလျှောက်လုံး စစ်ကောင်စီကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးမယူရင် ပိုပြီးကြီးမားလာဖို့ပဲရှိတယ်လို့ SAC-M ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့…

စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ပရဟိတအဖွဲ့တချို့ ဖျက်သိမ်းလာရ

ရန်ကုန်၊ ဒီဇင်ဘာ(၁၇) အာဏာသိမ်းစစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေကြောင့် ပရဟိတ အဖွဲ့တွေက ပြည်သူတွေကို လွတ်လပ်စွာကူညီဆောင်ရွက်ပေးလို့ မရတော့တဲ့အတွက် ဖျက်သိမ်းပြီး ရပ် နားလာရတယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ(၂၈) ရက်နေ့က စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းပြီးနောက် မွန်ပြည်နယ်အတွင်းက ပရဟိတအဖွဲ့တွေကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေက ခေါ်ယူအသိပေးတာတွေ လုပ်ဆောင်လာတာပါ။ စစ်ကောင်စီရဲ့ တင်းကြပ်လိုက်တဲ့ဥပဒေကြောင့် ပရဟိတအဖွဲ့တချို့ဟာ ပြည်သူတွေကို အရင်အချိန်ကလို…

NDAA ဥပဒေအတည်ပြုမှုဟာ နွေဦးတော်လှန်ရေးအတွက် ခြေလှမ်းသစ်ဖြစ်တယ်လို့ KNU ပြော

ရန်ကုန် ၊ ဒီဇင်ဘာ (၁၇) အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA) ဟာ နွေဦးတော်လှန်ရေးအတွက် ခြေလှမ်းသစ်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောဆိုလိုက် ပါတယ်။ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေကို စစ်လက်နက်မဟုတ်တဲ့ နည်းပညာတွေ ထောက်ပံ့ပေးမယ့် အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ(NDAA) ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အထက်လွှတ်တော်ကနေ အတည်ပြုလိုက်ပါတယ်။…

PDF ရဲဘော်တွေနဲ့ ရွာသားလေးဆယ်ကျော် ဖမ်းခံရအောင်သတင်းပေးခဲ့သူ ရှင်းလင်းခံရ

မင်းတုန်း – ဒီဇင်ဘာ(၁၆) မကွေးတိုင်း မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေး ဦးစိုးငြိမ်း ကို ဒီဇင်ဘာလ(၁၅) ရက်နေ့က သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ( EAGLE FORCE) က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၉) ရက်နေ့က သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ( EAGLE FORCE) တပ်ဖွဲ့စခန်းကို…

ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ အမြောက်တပ် တိုက်ခိုက်ခံရ

ရေးမြို့ – ဒီဇင်ဘာ(၁၆) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာလမ်းဝက စစ်ကောင်စီ အမြောက်တပ်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကလော့ကျေးရွာ လမ်းဝမှာ ရှိတဲ့ အမှတ်(၃၁၆)စစ်ကောင်စီ အမြောက်တပ်ကို ရေးဘီးလူးအဖွဲ့က ၄၀ မမတွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်…

ပြည်သူ့ရိက္ခာခိုးယူတာ AA မဟုတ်ပါ အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မောင်တောမြောက်ပိုင်းရှိ လယ်သမားများထံမှ AA ရိက္ခာအဖြစ် မတရားသိမ်းယူထားသည့် ဆန်များအား AA စခန်းသို့ သယ်ယူနေ” ဆိုတဲ့ ဓာတ်ပုံပါ အကြောင်းအရာကို…

မလေးရှားနိုင်ငံ ဆီလန်ဂေါမှာမြေပြိုမှုဖြစ်ပွား၊ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် ၁၈ဦးသေဆုံး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ(၁၇) မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့အနီးက ဆီလန်ဂေါပြည်နယ် အပန်းဖြေစခန်းချရာတောင်ကုန်း တစ်ခုက အော်ဂဲနစ်စိုက်ခင်းတစ်ခုအတွင်း မြေပြိုကျလို့ လူပေါင်းတစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူတွေအများပြားရှိနေပါတယ်။ မြေပြိုကျမှုဟာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ကွာလာလမ်ပူရဲ့မြောက်ဘက် ကီလိုမီတာ 50 (မိုင် ၃၀ခန့်)အကွာမှာရှိတဲ့ ဆီနီဂေါပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ရေတံခွန်တွေနဲ့ သဘာဝအလှတရားတွေကြောင့် လူသိများတဲ့ Genting Highlands ရဲ့ တစ်ဖက်မှာရှိတဲ့ ဘတ်တန်မြို့မှာ…

တွစ်တာက အထင်ကရ ဂျာနယ်လစ်တွေရဲ့ အကောင့်တွေကို ပိတ်သိမ်း

ဝါရှင်တန် – ဒီဇင်ဘာ(၁၇) အားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ထုတ်ဝေတာကို တားမြစ်တဲ့ စည်းမျဉ်း ဥပဒေ တွေနဲ့ သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့ တွစ်တာပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်စ် အကြောင်း ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သတင်းထောက်တွေရဲ့ တွစ်တာအကောင့်တွေ ပိတ်သိမ်း ခံလိုက်ရပါတယ်။ အကောင့်ဆိုင်းငံ့ခံရတာနဲ့ ပတ်သက်ပြီး တွစ်တစ်ခုကို တုံ့ပြန်တဲ့ အနေနဲ့ သူ့ကိုယ်သူ လွတ်လပ်စွာ…