မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၆)
ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီနောက် ရာထူးကနေ နုတ်ထွက်သွားပြီလို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပါတယ်။
အသက် ၆၄ နှစ်အရွယ် နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၈ နှစ်အကြာမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းကတော့ နည်းပြဖြစ်သူ ဖာနန်ဒိုဆန်းတို့စ်ရဲ့ စွမ်းဆောင်ရည်အတွက် ကျေးဇူးတင်ကြောင်းနဲ့ အမြဲတမ်း အမှတ်တရ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းအတွက် ၂၀၁၆ ခုနှစ်မှာ ယူရိုဖလား၊ ၂၀၁၉ ခုနှစ်မှာ Nations League ဖလားတွေကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ နည်းပြ ဖြစ်သူ ဖာနန်ဒိုဆန်းတို့စ် ရာထူးက နုတ်ထွက်သွားတဲ့အတွက် နည်းပြသစ်တစ်ဦးကို အခုလအတွင်း ခန့်အပ်သွားဖို့ စီစဉ်နေတာပါ။
ပေါ်တူဂီအသင်းရဲ့ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုး ရိုးမားနည်းပြ မော်ရင်ဟိုက ထိပ်ဆုံးကနေ ရေပန်းစားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်