တနင်္သာရီ၊ ဒီဇင်ဘာ (၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဒေသခံပြည်သူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) က သတင်းထုတ်ပြန်ပါတယ်။

မြိတ်ခရိုင်တပ်ရင်း(၂)ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ တနင်္သာရီမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာကို ကွင်းဆင်းပြီး ဒေသခံပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာတော့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးလမ်းစဉ်တွေကို ပြည်သူထံချပြရှင်းလင်းခဲ့ပြီး ပြည်သူတွေဘက်က ပြန်လည်တင်ပြတာတွေ နားထောင်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) ပြန်ကြား ရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို အတူတကွပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေရရှိပြီး လူထုရဲ့ယုံကြည်မှုကို ပိုမိုရစေတယ်လို့ဆိုပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသ PDF တို့ကြား မကြာ ခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်ရှိမှာလည်းနှစ်ဖက်စလုံး အပြန်အလှန်စောင့်ကြည့်နေတဲ့ အခြေနေမှာ ရှိနေတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.