December 16, 2022

တအောင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်(၅၀)ကျော် မီး လောင်ပျက်စီးခဲ့ပြီး ဒေသခံ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှု၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအခြေအနေ၊ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် တိုက်ပွဲဖြစ်ပွားရတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တအောင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ -အရင်ဆုံးအနေနဲ့ နမ့်ဆန်မြို့နယ်မှာ…

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ် ရာထူးက နုတ်ထွက်

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၆) ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီနောက် ရာထူးကနေ နုတ်ထွက်သွားပြီလို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၆၄ နှစ်အရွယ် နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၈ နှစ်အကြာမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကတော့…

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖက်ဒရယ်ဒီမိုကရေစီနဲ့သာ တည်ဆောက်လို့ရမယ် (ဘာသာပြန် ဆောင်းပါး)

မော်လမြိုင် – ဒီဇင်ဘာ(၁၆) ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဆယ်စုနှစ်တခုစာ ဒီမိုကရေစီပြန်လည်တည်ဆောက်မှုတွေကို အဆုံးသတ်ကာ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် လက်နက်အားကိုးနဲ့ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုတွေ စစ်အုပ်ချုပ်ရေးကပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ခံစားခဲ့ရတာဖြစ်တဲ့အတွက် ဒီတစ်ကြိမ် အာဏာသိမ်းတာကိုတော့ ပြည်သူတွေဟာလုံးဝလက်မခံတော့သလို စစ်ကောင်စီကို ပြည်တွင်းရော ပြည်ပကပါ ဆန့်ကျင်တွန်းလှန်…

NDAA ဥပဒေကြမ်း ကို အတည်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း NUG သဝဏ်လွှာပေးပို့

မော်လမြိုင် – ဒီဇင်ဘာ(၁၆) အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေ NDAA ကို အတည်ပြုလိုက်တဲ့အတွက် ကျေးဇူးတင်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီး (၈) ရက်အကြာမှာ အထက် လွှတ်တော်က ထပ်မံအတည်ပြုခဲ့တဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့ သမ္မတဘိုင်ဒန် လက်မှတ် ရေးထိုးမယ့်…

စစ်တပ်ဟာဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ KHRG ပြော

ရန်ကုန်၊ ဒီဇင်ဘာ (၁၆) မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝခံစားခွင့်ရရှိခဲ့ကာ အဲဒီပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ (၂၀၂၁)ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဆက်လက်တည်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဆိုပါတယ်။ “ငြင်းဆို၍မရနိုင်တော့သော”ဆိုတဲ့ အစီရင်ခံစာခံတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီဇင်ဘာ(၁၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။အဲဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုအတွင်း ရွာသားတွေကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နှုတ်ထွက်သက်သေခံချက်တွေကို အခြေခံပြီး…

(Breaking) ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ် – ဒီဇင်ဘာ (၁၆) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ မနက်ပိုင်းကစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်က စစ်ကောင်စီရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်နဲ့ ဆိပ်ဖူးကုန်းကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီထိတွေ့တိုက်ပွဲကြောင့်…

တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဒေသခံပြည်သူတွေ ပထမဆုံးအကြိမ်တွေ့ဆုံ

တနင်္သာရီ၊ ဒီဇင်ဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဒေသခံပြည်သူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂) က သတင်းထုတ်ပြန်ပါတယ်။ မြိတ်ခရိုင်တပ်ရင်း(၂)ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ တနင်္သာရီမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာကို ကွင်းဆင်းပြီး ဒေသခံပြည်သူတွေနဲ့ လိုက်လံတွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာတော့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့…

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ အခက်အခဲမျိုးစုံရင်ဆိုင်နေရ

မော်လမြိုင်၊ ဒီဇင်ဘာ (၁၆) ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေပြီး တရားဝင်နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်အကိုင်ရရှိဖို့ အင်မတန်အလှမ်းဝေးနေသလို ပုန်းခိုနေထိုင်နေရတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပြီးခဲ့တဲ့ ဩဂုတ်လ(၁)ရက်ကနေ (၁၅)ရက်အတွင်း ထိုင်းအစိုးရက ပန်းရောင်ကတ်ဆိုတဲ့ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကတ်ကို ခွင့်ပြုပေးခဲ့တာပါ။ အဲဒီ…

ဘီးလင်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေ

ဘီးလင်း၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ညောင်ထောက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ညောက်ထောက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ…