မော်လမြိုင် – ဒီဇင်ဘာ(၁၅)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ထားတဲ့ ပြည်ထောင်စု ဝန်ကြီးတွေဟာ ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတာဝန်တွေများနေတဲ့အတွက် ဦးကျော်ဇော်နဲ့ ဦးနေဘုန်းလတ် တို့ကို ပြောင်းလဲ တာဝန်ပေးလိုက်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ကသတင်းထုတ်ပြန်ထားပါတယ်။

ပြောင်းလဲ တာဝန်ပေးလိုက်တဲ့ သူတွေဟာ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ဦးကျော်ဇော်နဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ အဖြစ် ဦးနေဘုန်းလတ် တို့ကိုတာဝန်ပေး လိုက်တာပါ။

ဦးကျော်ဇော်ဟာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ် ယာယီသမ္မတရဲ့ ဆောင်ရွက် ချက်တွေ၊ အစိုးရရဲ့ မူဝါဒတွေ၊ သမ္မတရုံးနဲ့ သက်ဆိုင်ရာတဲ့ သတင်းအချက်အလက်တွေကို ဦးစားပေးပြောဆိုရမှာဖြစ်ပြီး ဦးနေဘုန်းဘတ်ကတော့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန် ပေးခံထားရတဲ့အတွက် ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်တွေ၊ အစိုးရရဲ့ မူဝါဒတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို ဦးစားပေး ပြောရမှာဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဝန်ကြီးဌာနအသီးသီးက ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယဝန်ကြီး တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.