ဒေလီ – ဒီဇင်ဘာ(၁၅)
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ အရွန်ချယ် ပရာဒရှ့်က တဝန်လို့ခေါ်တဲ့ နေရာတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် တရုတ်အစိုးရ ဟာ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟိမဝန္တာနယ်စပ်အတွင်း ကအနေအထားတွေကို ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အိန္ဒိယအစိုးရက စွပ်စွဲခဲ့ပါတယ်။
တရုတ်နဲ့ အိန္ဒိယ အကြားခွဲခြားထားတဲ့ နယ်စပ်ဟာ ဥပဒေကြောင်းအရခွဲခြားထားတာမရှိသလို တရုတ်နိုင်ငံဘက်က နယ်စပ်တစ်ခုလုံးစာအတွက် တောင်းဆိုထားကာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၉၆၂ ခုနှစ်မှာ အိန္ဒိယနဲ့ တရုတ် စစ်ပွဲဖြစ်ပွားဖူးတယ်လို့ သိရပါတယ်။
“တရုတ်ပြည်သူလွတ် မြောက်ရေးတပ်နှင့်ဥပဒေအရသတ်သတ်မှတ်မှတ်ခွဲခြားထားခြင်းမရှိသော နယ်စပ်ကို ရည်ညွှန်းကိုး ကားသော ပြောကြားချက်တွင် “၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ တော့ PLA တရုတ်တပ်တွေဟာ တဝန်ဒေသအပိုင်းမှာရှိတဲ့ ယန့်ဆဲ့ ဧရိယာထဲက အမှန်တကယ် ထိန်းချုပ်ထားတဲ့ နေရာအထိ ထိပါးနှောက်ယှက်လာပြီး လက်ရှိအခြေအနေကို ကျိုးကြောင်း မဆီလျော်ဘဲတစုံတရာ ပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာမျိုးဖြစ်ခဲ့ပါတယ်” လို့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးက ပါလီမန်မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝန် ဝီဘင်က အိန္ဒိယနဲ့ တရုတ် နယ်စပ်အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ပြောပါတယ်။
“ကျွန်ုပ်တို့ နားလည်ထားသလောက်ကတော့ တရုတ်-အိန္ဒိယ နယ်စပ်က အလုံးစုံ တည်ငြိမ်မှုရှိ တယ်။ အကန့်အသတ်မရှိတဲ့ ဆွေးနွေးပွဲတွေကို သံခင်းတမန်ခင်းနှင့် စစ်ဘက်ဆိုင်ရာ လမ်းကြောင်းတွေကနေတဆင့် ထိန်းသိမ်းထားရှိပါတယ်” လို့ သူက ပြောခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လအတွင်း အသက်ဆုံးရှုံးမှုရှိတဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်က နှစ်နိုင်ငံကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တကျော့ပြန်တိုက်ပွဲတွေမှာ အိန္ဒိယနဲ့ တရုတ်စစ်သား (၂၀) ခန့်သေဆုံးခဲ့ပြီး နှစ်နိုင်ငံလုံးက ကိုယ်စီထိန်းချုပ်နိုင်တဲ့ နယ်စပ်ထိန်းချုပ်ရေး နယ်နိမိတ်တွေက အမြှောက်၊ တင့်ကား၊ ဂျက်ဖိုက်တာတွေ ခြံရံပြီး စစ်သား သောင်းနဲ့ချီ တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲတွေဟာ အိန္ဒိယနဲ့ တရုတ်ကြား အစည်းအဝေးတွေ အကြိမ်းပေါင်းများစွာ ပြုလုပ်ပြီး ချိန်မှာ ဖြစ်ပေါ်လာတာပါ။
Ref: Aljazeera