မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၃)

ရက်၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်နေရပေမယ့် ကြောက်ရွံ့နေမှာ မဟုတ်သလို ဘရာဇီးလ်နဲ့ကစားခဲ့တဲ့ ပွဲအတိုင်း ယှဉ်ပြိုင်သွားမယ်လို့ ခရိုအေးရှာနည်းပြ ဒါလစ်က ပြောဆိုလိုက်ပါတယ်။

ခရိုအေးရှားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ခရိုအေးရှာနည်းပြ ဒါလစ်ကတော့ အာဂျင်တီးနားအသင်းနဲ့ ကစားမယ့်ပွဲမှာ ဘရာဇီးလ်နဲ့ပွဲကအတိုင်း ကစားနိုင်ခဲ့ရင် မက်ဆီကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ကြောင်းနဲ့ ခံစစ်အတွက်လည်း အကောင်ဆုံးပြင်ဆင်ထားသလို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ အာဂျင်တီးနားအသင်းနဲ့ ရင်ဆိုင်ခဲ့ဖူးသလို အဲဒီပွဲစဉ်မှာ ခရိုအေးရှားအသင်းက ၃ ဂိုး ဂိုး မရှိ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူထားတာ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်းဟာ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့တဲ့ ဘရာဇီးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို နှစ်ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့ နောက်ထပ် ပွဲစဉ်တစ်ခုဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ မော်ရိုကိုအသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်သံလွင်တိုင်းမ်က သတင်းတွေကို Application မှာလည်း အချိန်နဲ့တပြေးညီ ရယူဖတ်ရှုနိုင်ပါတယ်။

IOS Version – https://apps.apple.com/us/app/tlt-news/id1642061603

Version – https://play.google.com/store/apps/details…

App Store (https://apps.apple.com/us/app/tlt-news/id1642061603)‎

TLT News‎Than Lwin Times is an online Media covering News from Lower Myanmar.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.