ထိုင်ဝမ်၊ ဒီဇင်ဘာ (၁၄)

ထိုင်ဝမ်-ဘေဂျင်း ဆက်ဆံရေးယိုယွင်းလာတဲ့ လက္ခဏာတစ်ခုအဖြစ် ထိုင်ဝမ်တင်သွင်းကုန်တွေကို ပိတ်ပင် လိုက်ပြီးတဲ့နောက်ရက်ပိုင်းအကြာမှာ တရုတ်ဟာ ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းကို  စံချိန်တင် နျူကလီယားဗုံးကြဲလေယာဉ်တွေကို စေလွှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်ကး လေယာဉ် (၂၁) စင်းဟာ ကျွန်းရဲ့ အနောက်တောင် လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ကိုဝင်ရောက်ခဲ့ပြီး အဲဒီလေယာဉ်တွေထဲမှာ နျူဗုံးကြဲလေယာဉ် H-6 (၁၈) စင်းပါဝင်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာပါ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ် ထိုင်ဝမ်ကျွန်းနိုင်ငံကို တရုတ်ရဲ့ပိုင်နက်အဖြစ် တစ်နေ့မှာသိမ်းယူနိုင်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို ပယ်ချခဲ့တဲ့ သမ္မတ ဆိုင်အင်ဝမ်ရဲ့  ၂၀၁၆ ခုနှစ်ရွေးကောက်ပွဲကနေစပြီး စစ်ရေး၊ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေကို ဘေဂျင်းက အရှိန်မြှင့်ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်အစားအစာ၊ အဖျော်ယမကာ၊ အရက်နဲ့ ရေထွက်ကုန်ပစ္စည်းတွေ တင်သွင်းခွင့်ကို တရုတ်ကလတ် တလောမှာ တင်သွင်းခွင့် ပိတ်ပင်လိုက်တဲ့အပေါ် ထိုင်ဝမ်ဝန်ကြီးချုပ်က ဒါဟာ နိုင်ငံတကာကုန်သွယ်မှုစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကျွန်းကိုခွဲခြားဆက်ဆံတာလို့ ပေကျင်းကို စွပ်စွဲခဲ့ပါတယ်။

H-6 လေယာဉ်အမျိုးအစားဟာ တရုတ်နိုင်ငံရဲ့ အဓိကတာဝေးပစ်ဗုံးကြဲလေယာဉ်ဖြစ်ပြီး နျူကလီယား ဒုံးကျည်တွေကိုပါ သယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း ဒီလိုတစ်ရက်အတွင်း H-6 ဗုံးကြဲလေယာဉ် (၅) စင်းနဲ့အထက်ကို စေလွှတ်မှုမျိုးဟာ ရှားပါးပေမယ့်လည်း မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာတော့ စေလွှတ်မှု သိသိသာသာ များပြားလာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံအများအပြားဟာ လေ ကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်များ (ADIZ) ကို သတ်မှတ်ထိန်းသိမ်းထားလေ့ရှိပါတယ်။

ထိုင်ဝမ်ရဲ့ ADIZ ကတော့ သူရဲ့လေပိုင်နက်ထက် များစွာကြီးမားနေပြီး တရုတ်နိုင်ငံရဲ့ သတ်မှတ်ဇုန်နဲ့  တစ်စိတ်တစ်ပိုင်းထပ်နေပြီး ပြည်မကြီးရဲ့ နေရာအချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.