ကော်သူးလေ၊ ဒီဇင်ဘာ (၁၄)
လွတ်လပ်မှုကို အမြန်ဆုံးရရှိစေဖို့ ကရင်လူမျိုးတွေအနေနဲ့ အခြားသော တိုင်းရင်းသားလူမျိုးစုတွေနဲ့ အတူတကွလက်တွဲကာ ရည်မှန်းချက်ပန်းတိုင် ဦးတည်ချက်တူညီသူတွေနဲ့ ပေါင်းစည်းပြီး ရန်သူတွေကို တိုက်ထုတ်ရမယ်လို့ ကော်သူးလေတပ်မတော် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြက တိုက်တွန်းလိုက်ပါတယ်။
လာမယ့်ဒီဇင်ဘာလ(၂၂)ရက်နေ့မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့မိန့်ခွန်းမှာ ကော်သူးလေတပ်မတော် KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ရှေးဘိုးဘွားလက်ထက်ကတည်းကပင် ကရင်လူမျိုးတွေကို လူမျိုးစုတစ်စုအဖြစ် အသိအမှတ်ပြုခြင်းကို နည်းလမ်းပေါင်းများစွာနဲ့ ကြိုးစားခဲ့ကြပေမယ့် ယနေ့တိုင် လွတ်လပ်မှုပြည့်စုံခြင်းမရှိသေးဘူးလို့ စောနယ်ဒါးမြက ဆိုပါတယ်။
ဒါ့အပြင် ကရင်လူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်သတ်ဖြတ်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ မတရားနှိပ်စက်မှုတွေကြောင့် ကျွန်ုပ်တို့ စည်းစည်းလုံးလုံးနဲ့ အတူတကွလက်တွဲပြီး ကရင်ပြည်သူတွေကို လွတ်လပ်မှုရှိအောင် ကြိုးစားလုပ်ဆောင်သွားရမယ်လို့ စောနယ်ဒါးမြက ပြောပါတယ်။
ကော်သူးလေတပ်မတော် KTLA ဟာ ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်မြို့တိုက်ပွဲ၊ ကျိုက်မရောမြို့နယ်က တောင်ကလေးရဲစခန်းတိုက်ပွဲ၊ ဝေါ်လေဒေသတိုက်ပွဲ စတဲ့တိုက်ပွဲတွေမှာ မဟာမိတ်တော် လှန်ရေးတပ်ပေါင်းစုတွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကော်သူးလေတပ်မတော် KTLA ကိုတော့ ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ်ဟောင်း စောနယ်ဒါးမြက ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်