ဝါရှင်တန် – ဒီဇင်ဘာ(၁၃)

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် တစ်နှစ် ဆက်လက် ထားရှိဖို့ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(Credentials Committee) ဆုံးဖြတ်လိုက် ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၂) ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ နိုင်ငံကိုယ်စားပြုမှုသတ်မှတ် Credential ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လက်ရှိ အတိုင်းဆက်ထားဖို့ သဘောတူခဲ့ကြတာပါ။

ကုလသမဂ္ဂ Credential ကော်မတီမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် အမေရိကန်၊ရုရှား၊တရုတ်တို့ အပါအဝင် (၉) နိုင်ငံပါဝင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုရှားက ကန့်ကွက်ခဲ့ပေမယ့် ကိုယ်စားလှယ်အဖြစ်ဆက်ထားခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့သူဖြစ်ကာ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာကို အသိပေးနေသူဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.