မွန်ပြည်နယ်ထဲမှာ အာဏာသိမ်းစစ်အုပ်စုကို ရရာလက်နက်စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်း တွေထဲမှာ ရေးတောင်ပိုင်ဒေသအတွင်း လှုပ်ရှားနေတဲ့ရေးပြောက်ကျားတပ်ဖွဲ့(YGF)လည်း ပါဝင်ပါတယ်။ ဒါကြောင့် ရေးပြောက်ကျားတပ်ဖွဲ့(YGF)အနေနဲ့ လတ်တလောကာလမှာ ဘယ်လိုစစ်ရေး လှုပ်ရှားမှုတွေလုပ် ဆောင်နေလဲ။ အဖွဲ့ရပ်တည်ရေးအတွက် ဘယ်အရာတွေက စိန်ခေါ်မှုတွေဖြစ်နေလဲ။ တော်လှန်ရေးနဲ့ ပတ် သက်ပြီး ပြည်သူတွေကိုဘာသတင်းစကားပါးလိုက်သလဲ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရေးပြောက်ကျား တပ်ဖွဲ့(YGF) တာဝန်ခံ ဗိုလ်ကျန်ရစ်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ လတ်တလော မွန်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေက ဘယ်လိုရှိနေလဲ။

အဓိကလှုပ်နေတာတော့ ရေးရယ်၊ သထုံရယ်၊ ကျိုက်ထိုရယ်ပေါ့နော်။ အဓိက မွန်ပြည်နယ်မှာ လှုပ်နေတဲ့မြို့ တွေက ရေးဘက်မှာဆိုလည်း စစ်ကြောင်းတွေထွက်လာပြီ။ တောင်ညိုစစ်ကြောင်းပေါ့။ စစ်ကြောင်းတွေလည်း ထပ်ဖြည့်ဖိုပြင်ဆင်နေတယ်ပေါ့။ ဒီကောင်တွေက ဒီဘက်ကို စစ်ကြောင်းကထိုးနေပြီ။ စစ်ကြောင်းထိုးတဲ့အချိန် မှာ ဘာဖြစ်လဲဆို လူထုတွေအနေနဲ့ရှောင်ခိုင်းတယ် တော်လှန်ရေးသမားတွေကို။ ဘာလို့ဆိုတော့ ဟိုကောင် တွေက ညှာတာမှာမဟုတ်ဘူးလေ။ ရွာမီးရှို့မှာ။ ဒါကြောင့်ရှောင်ရတာပေါ့ ကျွန်တော်တို့က။ အဲဒီအနေအထား တော့ရှိတယ်။

-နောက်တစ်ခုက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့အခါ ဒေသခံတွေအပေါ် ဘယ်လိုလူ့အခွင့်အရေးချိုး ဖောက်မှုတွေ လုပ်ဆောင်နေလဲ။

စစ်ကြောင်းမထိုးလည်း လူကိုပြန်ပေးဆွဲတယ်။ ပေါ်တာဆွဲတယ်။ ရွာကလူတွေ ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် သူတို့ဆွဲတယ်။ အခန့်မသင့်ရင်ပစ်တာတွေ၊ သေတာတွေရှိတယ် ပြည်သူတွေကို။ ဒီကောင်တွေက အဓိကကတော့ ပြည်သူတွေကို ဒိုင်းကာလုပ်တယ်။ လူသားဒိုင်းတွေ လုပ်တာပေါ့။ အဲဒီလို ဖြစ်လာရင် တော်လှန်ရေးသမားတွေအနေနဲ့က ပြည်သူတွေကိုငဲ့ရတဲ့အတွက် တစ်ချို့ဟာတွေ နစ်နာတယ်ပေါ့ နော်။ ဒီဘက်မှာ တခြားဘက်ကလို ကြီးကြီးမားမားတော့မရှိသေးဘူး။ ရွာမီးရှို့တာတွေ ဘာတွေတော့ မရှိ သေးဘူး။

-လက်နက်ကိုင်တော်လှန်ရေးဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရပါသလဲ။

တစ်နိုင်ငံလုံး အနေအထားနဲ့ကြည့်ရင် မွန်ပြည်နယ်က အဆိုးဆုံး။ ဒလန်က တအားများတယ်။ ပြီးရင် ကြားနေ တွေလည်း များတယ်ပေါ့။ ပြောရရင် ဒလန်ဆိုတာလည်း ဟိုဘက်စကစဘက်ပေါ့။ ကြားနေဆိုတာလည်း ရှိသေးတယ်။ သူတို့မထိပြီးရော တခြားသူဘာဖြစ်ဖြစ်၊ ပြည်သူဘာဖြစ်ဖြစ်။ အခုမော်လမြိုင်မှာ မိသွားတဲ့ UGက အဓိကဘာလဲဆို ဒလန်ပဲ။ ဒလန်တိုင်လို့ပေါ့နော်။ အဓိကတော့ လက်နက်အင်အား မမျှဘူး။UGတွေက တအား ခက်ခဲတယ်သူတို့အတွက်က။ သူတို့က လူလည်းသိခံလို့မရဘူး။ နေတာထိုင်တာ ပိရိရတယ်ပေါ့။ UGတွေက လည်း အသုံးဝင်တယ်။ သူတို့က အသက်ပိုရင်းထားရတယ်။ ရိုးရိုးစစ်ကြောင်းတွေထက် UGတွေကအသက်ပို ရင်း ထားရတာပေါ့။ အဲဒီ အခက်အခဲတွေ ရှိတယ်။ ပြည်သူတွေကလည်း ပါပေးဖို့လိုတာပေါ့။ဘာလည်းဆိုရင် ဒလန်တစ်ယောက်ပဲ ရှိပါစေဦး တစ်ရပ်ကွက်မှာအိမ်က နှစ်ထောင်ရှိတယ်ထား။ အဲဒီမှာ ဒလန်တစ်အိမ်လောက် ပါရင်ကို သွားပြီ။

-လက်ရှိမှာရော ရေးပြောက်ကျားတပ်ဖွဲ့(YGF)မှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။

လိုအပ်ချက်တော့ ရှိတယ်။ ကျွန်တော်တို့မှာ လက်နက်ခဲယမ်းစရိတ်က တအားကြီးရင့်တယ်။ စားဖို့သောက် ဖို့က အဲဒီလောက်ကြီး မပူရဘူး။ စားတာက ရှိတာနဲ့စားလို့ရတယ်။ ဘာလို့ဆိုရင်ဒီဘက်မှာ ရှိတဲ့ရဲဘော်တွေ အကုန်လုံးက ကောင်းတာတစ်ခုက ခံယူချက်ရှိတယ်။ ရည်မှန်းချက်ရှိတယ်။ သူတို့ အပင်ပန်းခံတယ်။ ဒုက္ခတွေလည်း ခံနိုင်တယ်။ အဓိကက လက်နက်ခဲယမ်းပဲ။ လက်နက်ခဲယမ်းရရင်တော့ အကုန်လုံး အဆင်ပြေပြီပေါ့။

-ရေးပြောက်ကျားတပ်ဖွဲ့(YGF) တာဝန်ခံတစ်ယောက်အနေနဲ့ ရှေ့ဆက် တော်လှန်ရေးမျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ကျွန်တော့်အမြင်ပေါ့နော်။ အခုNUGကကြေငြာထားတဲ့ တစ်နှစ်၂၀၂၃ပေါ့။ တစ်ကယ်EAOတွေလည်း ပါပေး မယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါမယ်ဆိုရင်တော့ အဖြေတစ်ခုတော့ ထွက်ပြီ။ ဘယ်လိုလည်း ဆိုရင် တိုင်းနဲ့ပြည်နယ်(၁၄)ခုရှိပြီပေါ့။ ဒီမြန်မာပြည်မှာဆိုရင် တိုင်းနဲ့ပြည်နယ်(၁၄)ခုမှာ ၈ခုလောက် နိုင်ရင် ကျန်တဲ့ ၆ခုက ဘယ်လိုမှရပ်တည်လို့မရဘူး။ အဲဒီလိုပုံမျိုးလေ။ သိတယ်မလား။ ကျွန်တော်ထင်တယ်ပေါ့။ ဒီနှစ်ဆို အဖြေကထွက်ပြီလေ။

-ရေးပြောက်ကျားတပ်ဖွဲ့(YGF)အနေနဲ့ သင်တန်းသား ခေါ်ယူမှုကရော ဘယ်လိုတွေ ရှိနေလဲ။

တခြားအဖွဲ့တွေက ခေါ်တာတော့ရှိတယ်။ ကျွန်တော်တို့အဖွဲ့က ခေါ်တာတော့ မရှိသေးဘူး။ လက်ရှိ လက် နက်နဲ့လူနဲ့က တစ်ဝက်ကွာနေတယ်။ ကျွန်တော်ထပ်မခေါ်ဘူး။ ပြီးရင် တစ်ခါတလေကျတော့လည်း မရပ်တည် နိုင်ဘူးပေါ့။ ကျွန်တော်တို့စားနပ်ရိက္ခာအတွက်ရော၊ စစ်ရေးအတွက်ပါ အခက်အခဲတွေ ရှိတယ်ပေါ့။ အဲဒီ တော့သင်တန်းအတွက် သင်တန်းသားမခေါ်သေးဘူးပေါ့။ လက်ရှိရှိတဲ့ လူနဲ့လုပ်နေတာ။ တကယ် လက်နက် ပြည့်မယ်ဆိုရင် NUGက ချပေးမယ်ဆိုရင် ကျွန်တော်သင်တန်းသားသစ်တွေခေါ်ယူမယ်။ အခုလက်ရှိတော့ မခေါ်သေးဘူးပေါ့။ အဲဒီလိုရှိတယ်။

-ရေးပြောက်ကျားတပ်ဖွဲ့(YGF)အနေနဲ့ မွန်ပြည်နယ်က ညီနောင် PDF အဖွဲ့တွေနဲ့ဆက်ဆံရေးကရော ဘယ်လို ရှိနေလဲ။

ရှိတယ်။ ကျွန်တော်က အားလုံးနဲ့ပူးပေါင်းတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ရန်သူက ဒီစကစ တစ်ခုပဲရှိ တယ်။ စကစရဲ့ ရန်သူအကုန်လုံးက ကျွန်တော်တို့မိတ်ဆွေတွေပဲ။ ဒီအချိန်မှာ စကစတော်လှန်သူ အားလုံးကို ကျွန်တော်တို့က ပူးပေါင်းတယ်။ ဘယ်သူမဆိုခေါ်လည်း ခေါ်ပါတယ်။ ကူပေးတယ်။ လူလိုတယ် ဆိုလည်း လူသွားပေးတယ်။ လက်နက်အင်အား လူအင်အားလိုလည်း သွားပေးတယ်။ အဲဒီလိုမျိုးရှိတယ်။

-နောက်ဆုံးအနေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ဘာတွေများ ပြောချင်တာ ရှိမလဲ။

ဘာပြောချင်လဲဆိုရင် ကျောင်းတက်တာ၊ မတက်တာတော့ သိပ်မပြောချင်ဘူးပေါ့နော်။ တချို့က ပညာရေး ကြောင့်၊ ဘာကြောင့် အဲဒီလိုတွေဆင်ခြေတွေရှိလာတယ်။ ဒါတွေကိုကျွန်တော်ကတက်ပါလို့လည်း မပြောချင် ဘူး။ မတက်ပါနဲ့လည်း မပြောချင်ဘူး။ ကျောင်းတက်တာဆို ဘာဖြစ်လဲဆိုရင် ဒီကောင်တွေအတွက် အများကြီး အထောက်အကူဖြစ်တယ်။ ဒီကောင်တွေက စစ်ဆင်ရေး တစ်ခုခုလုပ်မယ်ဆိုရင်ကျောင်းသားတွေကို သူတို့ဒိုင်း ကာလုပ်ပြီ။ ဒိုင်းကာလုပ်ရင် ကျွန်တော်တို့ကတချို့လုပ်ရမယ့်ဟာတွေကို လုပ်လို့မရတော့ဘူး။ နှောင့်နှေးတဲ့ အတွက် ကျွန်တော်တို့ရှင်းရှင်းပြောရင် ရန်သူကသာသွားပြီ အဲဒီမှာ။ ဘာလို့ဆို စစ်ဆင်ရေး လုပ်တဲ့အချိန်အ တွေးတစ်ခုဝင်ရတယ်။အဲဒီလိုဆို တအားအဖြေတစ်ခု ပြောင်းသွားနိုင်တယ်ပေါ့။ မိဘတွေအနေနဲ့လည်း တက် သင့်၊ မတက်သင့် ကိုယ့်ဘာသာစဉ်းစားပေါ့။ ဘာလဲဆိုရင်ပြီးတော့မှာမို့လို တစ်ချက်တော့အောင့်ပေးပါပေါ့။ ဒါပြီးရင်အားလုံးအတူတူပြန်ကြပေါ့လေ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့လည်း ကျောင်းသားပေါ့လေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.