ဒီးမော့ဆို – ဒီဇင်ဘာ(၁၂)
ကယားပြည်နယ်ထဲမှာ ဒီဇင်ဘာလ (၁၀) ရက်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၇) ဦးကျဆုံးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ထိခိုက် ကျဆုံးခဲ့ရတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လက်နက်၊ ရိက္ခာနဲ့ တပ်အင်အား တိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ သူတို့တပ်စွဲထားတဲ့ ကုန်းသာကျေးရွာတိုက်ပွဲမှာ အရေးနိမ့်ပြီး စခန်းစွန့်ခွာခဲ့ရ တဲ့အတွက် ဒီဇင်ဘာလ(၃) ရက်နေ့မှာတော့ အင်အား(၁၀၀) ကျော်ပါတဲ့ စစ်ကြောင်း(၃) ကြောင်း နဲ့ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော်တွေထဲမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲဘော် (၅) ဦး၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က (၁) ဦးနဲ့ ကရင်နီပြည်နယ် တော်လှန်ရေး တပ်ပေါင်းစု က(၁) ဦးပါဝင်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးပြုကြောင်းနဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KRU