ထိုင်ဝမ်၊ ဒီဇင်ဘာ (၁၀)

ထိုင်ဝမ်အနေနဲ့ လာမယ့်နှစ်အတွင်းမှာ ပိုမိုသင့်တော်မှုရှိတဲ့ ငွေကြေးမူဝါဒကို အသက်သွင်းသွားမှာဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်မှုကို မြှင့်တင်ဖို့နဲ့  နိုင်ငံ့စီးပွားရေးကုစားနိုင်ဖို့အတွက်  နည်းလမ်းများစွာကို အသုံးပြု သွားမယ်လို့ နိုင်ငံရဲ့ ဗဟိုဘဏ်က ပြောပါတယ်။

ကုန်သွယ်မှုစီးပွားရေးကို အဓိကမှီခိုအားထားရတဲ့ ထိုင်ဝမ်နိုင်ငံဟာ လွန်ခဲ့တဲ့လအတွင်းက ပို့ကုန်တန်ဖိုး အနေနဲ့  တစ်နှစ်လုံးအတိုင်းအတာအားဖြင့် ၁၃.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သလို အဓိက ဘဏ်လုပ် ငန်းဆိုင်ရာ စိုးရိမ်ပူပန်မှုဖြစ်တဲ့ ငွေကြေးဖောင်းပွမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မပြေလည်မှုတွေကို ရင်ဆိုင်နေရတာပါ။

စားသုံးသူကုန်ဈေးနှုန်းအညွှန်းကိန်းကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာအတွင်းမှာ နှစ်အစောပိုင်း ကာလတွေထက် မြင့်တက်ခဲ့ပါတယ်။

ထိုင်ဝမ်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး ရန်ချင်လုံက  လွှတ်တော်အမတ်တွေရဲ့ မေးခွန်းကို မဖြေဆိုမီ လွှတ်တော်ကို တင်သွင်းတဲ့ အစီရင်ခံစာတစ်စောင်မှာတော့ လာမယ့်နှစ်အတွက် ဗဟိုဘဏ်ရဲ့ အစီအစဉ်တွေကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းနဲ့ ပြည်ပစီးပွားရေး၊ ဘဏ္ဍာရေးအခြေအနေတွေကို ဂရုတစိုက် စောင့်ကြည့်သွားမယ်လို့လည်း ပြောကြားခဲ့တာပါ။

ထိုင်ဝမ်ဗဟိုဘဏ်ဟာ သုံးလပတ်ကာလနှုန်းထား သတ်မှတ်ရေး အစည်းအဝေးကို ဒီဇင်ဘာ(၈) နေ့မှာ ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်အပတ်မှာပြုလုပ်မယ့် အစည်းအဝေးမှာလည်း ဗဟိုဘဏ်အနေနဲ့ အခုနှစ်နဲ့ လာမယ့်နှစ်ရဲ့ စီးပွားရေးတိုးတက်မှုအတွက် ခန့်မှန်းချက်အသစ်တွေကိုလည်း ချပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်ဝမ်ရဲ့ စာရင်းအင်းအေဂျင်စီကတော့ ပြီးခဲ့တဲ့လမှာ ပြည်တွင်းအသားတင် ထုတ်ကုန်ခန့်မှန်းချက်ကို ဩဂုတ်လမှာ ခန့်မှန်းထားတဲ့ ၃.၇၆ရာခိုင်နှုန်းမှ ၃.၀၆ရာခိုင်နှုန်းကို လျှော့ချထားခဲ့ပြီး  အဲဒီဆောင်ရွက်ချက်ဟာ အခုနှစ်အတွက် ပို့ကုန်မျှော်မှန်းချက်ကို လျှော့ချထားခြင်းဖြစ်သလို လာမယ့်နှစ်မှာလည်း လျော့ချသွားမှာဖြစ် တယ်လို့ ပြောဆိုထားပါတယ်။
Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.