ဆိုးလ်၊ ဒီဇင်ဘာ (၁၀)

တောင်ကိုရီးယားဟာ ကျင့်သုံးနေတဲ့ ရိုးရာအသက်ရေတွက်နည်းကို ဖျက်သိမ်းကာ နိုင်ငံတကာစံနှုန်းနဲ့အညီ အသက်ကန့်သတ်ချက် ဥပဒေတွေကို အတည်ပြုခဲ့လို့ နိုင်ငံသားတွေအားလုံး ရှိရင်းစွဲအသက်အရွယ်ကနေ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ခန့်အထိ ငယ်ရွယ်သွားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံသားတွေဟာ မွေးဖွားချိန်မှာ အသက်တစ်နှစ်လို့ စတင်ရေတွက်လေ့ရှိပြီး ဇန်နဝါရီလ ၁ ရက်နေ့ရောက်တိုင်း တစ်နှစ်ကို ပေါင်းထည့်ကြတာလည်း ဖြစ်ပါတယ်။  ဒီလိုပေါင်းထည့်လိုက်တာဟာ နေ့စဉ် လူမှုဘဝမှာ အတွေ့ရအများဆုံး အသက်အရွယ်သတ်မှတ်ချက်လည်း ဖြစ်နေတာပါ။

ဒါ့အပြင် အရက်နဲ့ ဆေးလိပ်သောက်နိုင်တဲ့ အသက်အရွယ်၊ စစ်မှုထမ်းနိုင်တဲ့ အသက်အရွယ်စတဲ့ သီးခြား သတ်မှတ်ချက် စည်းမျဉ်းတွေလည်း ရှိနေပါသေးတယ်။

၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းကာလကတည်းက တောင်ကိုရီးယားမှာ ဆေးဘက်ဆိုင်ရာနဲ့ တရားဝင်စာ ရွက်စာတမ်းတွေမှာ နိုင်ငံတကာစံနှုန်းကို မွေးဖွားစဉ်သုညမှ တွက်ချက်ကာ မွေးနေ့တိုင်းမှာ တစ်နှစ်ကို ထည့်ပေါင်းခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံတကာစံနှုန်းနှင့်အညီ အသက်ရေတွက်နည်း ဥပဒေအသစ်ဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်အသက် ဝင်မှာဖြစ်ပြီး ဥပဒေသစ်တွေ ပေါ်ပေါက်လာတဲ့ အခါမှာတော့ ရှုပ်ထွေးနေတဲ့ စနစ်တွေဟာ ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။

“ဥပဒေရေးရာနဲ့ လူမှုရေးအငြင်းပွားမှုတွေအပြင် အသက်အရွယ် တွက်ချက်နည်းအမျိုးမျိုးကြောင့် ရှုပ်ထွေး မှုတွေ ဆက်ရှိနေတဲ့အတွက် မလိုအပ်တဲ့ လူမှုစီးပွားကုန်ကျစရိတ်တွေကို လျှော့ချဖို့ ရည်ရွယ်တာပါ” လို့ အာဏာရ People Power ပါတီမှ ယူဆန်ဘန်းက လွှတ်တော်ကို ပြောကြားခဲ့တာပါ။

အသက် ၂၉ နှစ်အရွယ် ရုံးဝန်ထမ်းတစ်ဦးကတော့ သူ့အသက်အရွယ်နဲ့ ပတ်သက်ပြီး နိုင်ငံရပ်ခြားမှာ မေးခံရ တဲ့အခါ နှစ်ကြိမ်အမြဲစဉ်းစားရတယ်လို့ ဆိုပါတယ်။

“ကျွန်မအသက်ဘယ်လောက်ရှိပြီလဲလို့ မေးတဲ့အခါ ပြန်ဖြေဖို့ အချိန်တော်တော်ယူခဲ့ရတာကြောင့် နိုင်ငံခြား သားတွေက ကျွန်မကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်နေတာကို မှတ်မိပါတယ်၊ တစ်နှစ်၊ နှစ်နှစ်လောက် ငယ်သွားတာကို ဘယ်သူက မကြိုဆိုဘဲ နေလိမ့်မှာလဲ” လို့ သူက ပြောကြားခဲ့ပါတယ်။

Ref: The National News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.