မော်လမြိုင် – ဒီဇင်ဘာ(၈)
မြန်မာ့နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဏာတည်ဆောက်နိုင်မှုကို ယနေ့အချိန်ထိ ခြိမ်းခြောက်နေတဲ့အကြမ်းမဖက်အာဏာ ဖီဆန်ခြင်းမှ အသံများ ဖော်ထုတ်ခြင်းဆိုတဲ့ စာအုပ်ကို စတင်ထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်ကို Nyan Lynn Thit Analytica က ထုတ်ဝေထဲ့တာဖြစ်ပြီး အချက်အလက်စုဆောင်း စာတန်းလေ့လာတာတွေ၊ စစ်တမ်းမေးခွန်းလွှာတွေက သုတေသနတွေ့ရှိချက်တွေ၊ လုပ်ငန်းခွင်မှ စွန့်ခွာသူ နိုင်ငံဝန်ထမ်း(GS-CDMers) တွေရဲ့ စစ်တမ်းအချက်အလက်တွေနဲ့အတူ အချက် (၆) ချက် ဖော်ပြထားတာပါ။
နွေဦးတော်လှန်ရေးရဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးမှာပါဝင်နေသူတွေထဲကအမျိုးသား (၇၂) ရာခိုင်နှုန်းနဲ့ အမျိုးသမီး (၂၈) ရာခိုင်နှုန်း တို့ကို စစ်တမ်းကောက်ယူပြီး ရေးသားထားတာဖြစ် ပါတယ်။
ဖြေဆိုသူတွေထဲမှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက (၁၂) ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး တနင်္သာရီတိုင်း၊စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က (၄) ရာခိုင်နှုန်းနဲ့ အနည်းဆုံးဖြေဆိုထားကြ တယ်လို့ သိရပါတယ်။
အကြမ်းမဖက်အာဏာ ဖီဆန်ခြင်းမှ အသံများ ဖော်ထုတ်ခြင်း စာအုပ်မှာ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊အခြား အစိုးရဌာန၊ ဘဏ်လုပ်ငန်း၊အင်ဂျင်နီယာနဲ့ အခြား ကဏ္ဍ တွေက ပါဝင်ဖြေဆိုထားတဲ့ အသံတွေကို အခြေခံပြီး ရေးသားထားတာဖြစ်တယ်လို့သိရပါတယ်။
စာတမ်းအပြည့်အစုံကို အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာနဲ့ ဒေါင်းလုပ်ရယူဖတ်ရှုနိုင်ပြီ
မြန်မာဘာသာ နဲ့ဖတ်ရှုလိုပါက – https://bit.ly/3F89CUj ဝင်ရမှာဖြစ်ပြီး
အင်္ဂလိပ်ဘာသာနဲ့ ဖတ်ရှုလိုပါက – https://bit.ly/3VyBV3G ကိုဝင်ရမှာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်