မော်လမြိုင်၊ ဒီဇင်ဘာ (၉)

AAPP ရဲ့ ဒီဇင်ဘာ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၆)ရက်အတွင်း ပြည်သူ (၂၅၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၄၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။

ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၈) ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်ကိုးကား – AAPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.