နိုင်ရိုဘီ – ဒီဇင်ဘာ(၉)
ပါကစ္စတန်နိုင်ငံသား သတင်းထောက် တစ်ဦးအသတ်ခံရမှုဟာ လုပ်ကြံဖို့ ကြိုတင် စီစဉ်ထားတာ ဖြစ်တယ်လို့ ပါကစ္စတန် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြခဲ့ပါတယ်။
ကင်ညာမြို့တော် နိုင်ရိုဘီရဲ့ ဆင်ခြေဖုံးနေရာတစ်ခုမှာ ရှာရစ်ဖ်ရဲ့ကားကို ရဲတွေက ပစ်ခတ်ခဲ့တာ ကြောင့်သေဆုံးသွားတာဖြစ်ပြီး သူဟာ ပါကစ္စတန် စစ်တပ်ကို ဝေဖန်တာတွေလုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ရိုဘီရဲတပ်ဖွဲ့က နောင်တရတယ်လို့ ထုတ်ဖော်ခဲ့သလို ကလေး ပြန်ပေး ဆွဲမှုတစ်ခုမှာ ပါဝင်တဲ့ ကားကို ရှာဖွေနေချိန် မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုထားတာပါ။
ပါကစ္စတန် ဝန်ကြီးချုပ်က စုံစမ်းစစ်ဆေးမှုတွေ ပြလုပ်သွားမှာဖြစ်ပြီး အစိုးရရဲ့ တွေ့ရှိချက်တွေ ကိုလည်း အများပြည်သူသိအောင် ဖြန့်ဝေပေးသွားမယ်လို့ ကတိပြုထားပါတယ်။
သူဟာစစ်တပ်ကိုစော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရမယ့် အရေး ကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လမှာ နိုင်ငံတွင်းက ထွက်ပြေးကာ အာရပ်စော်ဘွားများ ပြည်ထောင်စု မှာနေထိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် သတင်းထောက် ရှာရစ်ဖ် ဟာကင်ညာနိုင်ငံကို ပြောင်းရွေ့နေထိုင်ခဲ့ချိန်မှာတော့ ပါကစ္စတန်ရဲတပ်ဖွဲ့က စီးပွားရေးသမားနှစ်ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ ကင်ညာနိုင်ငံတရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
စုံစမ်းစစ်ရေးဆေးမှူးတွေရဲ့ စာမျက်နှာ (၅၉၂) မျက်နှာပါ အစီရင်ခံစာမှာတော့ ကင်ညာရဲတပ်ဖွဲ့ ဟာ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဆန့်ကျင်တဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပါကစ္စတန်အရာရှိနှစ်ဦးက စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကင်ညာနိုင်ငံကို သွားရောက်ခဲ့ပြီး သေဆုံးသူရဲ့ မိသားစုနဲ့ ညီအစ်ကိုတွေက အခင်းဖြစ်ပွားချိန်ကစပြီး သတင်းဌာနတွေနဲ့ စကားပြောဆိုထားတာမရှိဘူးလို့ နယ်ခံသတင်းထောက်တွေက ပြောခဲ့ ပါတယ်။
Ref: Aljazeera