ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာအငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား၇ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ မှာ စစ်ကောင်စီ စစ်ခုရုံးကနေ သေဒဏ်ချမှတ်လိုက်ပါတယ်။ တက္ကသိုလ်ကျောင်းသား ၇ဦးကို စစ်ခုရုံးကနေ သေဒဏ်ချမှတ်ပြီးနောက် သေဒဏ်စီရင်တော့ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက် ပေါ်တာပါ။ ဒါကြောင့် စစ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်တဲ့အမှုတွေဟာ သေဒဏ်စီရင်နိုင်ဖို့ဆိုရင် ဘယ်အ ဆင့်တွေကို ကျော်ဖြတ်ရဖို့ရှိနေလဲ။ ဥပဒေလုပ် ထုံးလုပ်နည်းတွေကရော ဘယ်လိုတွေရှိပါသလဲ။ ဒီအခြေအ နေနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ခုံရုံးကနေသေဒဏ်ချမှတ်လိုက်တဲ့ အမိန့်တွေအတွက် သေဒဏ်စီရင်ဖို့ ဆိုရင် ဘယ် အဆင့်ဆင့်တွေကို ကျော်ဖြတ်ရဖို့ရှိနေလဲ။

သူကတော့ စစ်ခုံရုံးဖြစ်တဲ့အတွက် ၁၉၅၉ခုနှစ် တပ်မတော်အက်ဥပဒေ၊နည်းဥပဒေအရသွားတော့ စစ်ခုံရုံးက ချလိုက်တဲ့ သေဒဏ်အမိန့်တွေကို အရပ်ဖက်တရားရုံးတွေက အယူခံမှုတွေကို စစ်ဆေးကြားနာ ပိုင်ခွင့်မရှိပါ ဘူး။ သီးသန့် တပ်မတော် နည်းဥပဒေအရ ဖွဲ့စည်းပေးထားတဲ့ စစ်ခုံရုံးများ အယူခံအဖွဲ့ဆိုတာသက်သက် ရှိပါတယ်။ ကာကွယ်ရေးဉီးစီးချုပ်က တာဝန်ပေးခန့်ထားတဲ့အရာရှိက ဥက္ကဌပေါ့။ ပြီးမှ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကနေ အမည်စာရင်းပေးသွင်းတဲ့ တရားသူကြီးတစ်ဦးက အတွင်းရေးမှူးပေါ့။ ပြီးတော့မှ တပ်မ တော်အရာရှိတွေပါဝင်တဲ့ စစ်ခုံရုံး အဖွဲ့ကသက်သက်ရှိပါတယ်။ အဲဒါက၅ဦးပါတာပေါ့နော်။ အဲဒီတော့ သေ ဒဏ်တွေကိုအဲ့အယူခံအဖွဲ့ကိုပဲ တင်ရတာပေါ့နော်။အဲဒီကနေမှ စိစစ်ပြီးတော့ ပြစ်ဒဏ်လျော့ပေါ့ပေးတာတွေ ပြစ်ဒဏ်ကို အတည်ပြုပေးတာတွေ(သို့)စစ်ဆေးပေါ်ပေါက်ခြင်းမရှိဘူးဆိုပြီး လွှတ်တာတွေ ဒီလိုလုပ်လေ့ ရှိပါတယ်။

ကျွန်တော်တို့ ဒီဘက်ကာလ နစက ကာလမှာကိုပဲ စစ်ခုံရုံးက သေဒဏ်ပေးထားတာကို အယူခံအဖွဲ့က နေပြီး တော့ ထောင်ဒဏ်နှစ်(၂၀)ကို ပြောင်းလဲပြင်ဆင်အမိန့်ချမှတ်ခဲ့တာကို သိရပါတယ်။ စစ်ခုံရုံးက ချလိုက်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီးစစ်ဘက်အယူခံအဖွဲ့က အယူခံပယ်လိုက်ပြီဆိုမှ ကာကွယ်ရေးဉီးစီးချုပ်ဆီကို အသ နားခံစာတင်ရပါတယ်။ အဲဒီအသနားခံစာ တင်ပြီးတဲ့အခါမှပဲ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မဟုတ်ဘဲ တိုက်ရိုက်သွားတော့ ကာကွယ်ရေးဦးစီးချုပ်က သေဒဏ်အမိန့်ကို ဆောင်ရွက်ပေးပါတယ်။

-ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရဆိုရင် သေဒဏ်ချမှတ်ချိန်ကနေ ကွပ်မျက်ချိန်အထိ အချိန်ဘယ်လောက် ကြာတတ်ပါသလဲ။

ကျွန်တော်တို့ နှိုင်းယှဉ်ပြီးသိရအောင်ဆိုရင် ကျွန်တော်တို့ တရားရံးကချတဲ့ သေဒဏ်က အယူခံအဆင့်ဆင့်တင် မယ်၊ အသနားခံစာအဆင့်ကို အနိမ့်ဆုံး၃နှစ်ကနေ ၅နှစ်အထိကြာတတ်ပါတယ်။ ဒါကအမှုအခင်းတွေများတဲ့ရုံး ပေါ့။ စစ်ခုံရုံးကတော့ သေဒဏ်ချမှတ်တဲ့အမှုက အယူခံတင်လိုက်တယ်ဆို စစ်ဘက်အယူခံအဖွဲ့က စိစစ်ပြီး တော့ အတည်ပြုတာတို့၊ အမိန့်တွေ ပြန်ချပေးတာပေါ့။ အယူခံပယ်တာတို့က ဒါလပိုင်းအတွင်းပေါ့။ ဥပမာ-၃လလောက်အတွင်းမှာ ဒါချနိုင်သလို အမှုကအရေးကြီးတယ်ဆို တစ်လ၊နှစ်လအတွင်း ဖွဲ့စည်းပြီးတော့ ပြန်ချ ပေးနိုင်တယ်။ အသနားခံစာကလည်းပဲ အဲဒီလောက်ပါပဲ။ ကျွန်တော်တို့က စစ်ခုံရုံးကချမှတ်တဲ့ သေဒဏ်အမိန့် ကို အတည်ပြုမိန့်ထွက်ဖို့ကို အနည်းဆုံး၃လနဲ့ ၆လကြားလောက် ကြာတတ်ပါတယ်။ သို့သော် ခုနကပြောသလို ပေါ့။

ဒီအဆင့်တွေက သေဒဏ်ချမှတ်ခံရသူရဲ့ အခွင့်အရေးတွေဖြစ်ပါတယ်။ အယူခံဆိုတာကျတော့ ဥပဒေအရ ပေးကိုပေးရမယ့် ဥပဒေအခွင့်အရေးဖြစ်ပါတယ်။ အသနားခံစာကျ SOCIAL RIGHTပေါ့။ ပြစ်ဒဏ်တွေကို ပြင်ဆင်ပြောင်းလဲဖို့ ဥပဒေအရ စွက်ဖက်တာမဟုတ်ဘဲနဲ့ ကိုယ်ချင်းစာနာထောက်ထားသောအားဖြင့် ဒါကာ ကွယ်ရေးဉီးစီးချုပ်က ပြစ်ဒဏ်ကိုပြင်ဆင်ပေးလို့ရတယ်။ လျော့ပေါ့ပေးလို့ရတယ်။ စာနာပေးလို့ရတယ်။ (သို့)မသင့်တော့ဘူးဆိုရင် အသနားခံစာကို ပယ်တာမျိုး သတ်မှတ်လေ့ရှိပါတယ်။အဲဒါတွေမလုပ်ဘဲနဲ့တော့ ဒီအဆင့်တွေကို ကျော်လွန်ပြီးတော့ သေဒဏ်အတည်ပြုတာ တနည်းအားဖြင့် ကြိုးပေးကွပ်မျက်စီရင်တာကို လုပ်ခဲ့ဖူးတဲ့ အစဉ်အလာကို တစ်ခါမှမရှိဖူးပါဘူး။

-လက်ရှိ ကျောင်းသားတွေရဲ့အမှုကို အရပ်ဘက်တရားရုံးကမဟုတ်ဘဲ စစ်ခုံရုံးကသေဒဏ်ချမှတ်တာအပေါ် ဥပဒေကြောင်းအရ ဘယ်လိုမြင်မိပါသလဲ။

အဲဒါကတော့ ဥပဒေနဲ့အညီပဲဗျ။ စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ ဒေသတစ်ခုအတွင်းမှာဆိုရင် အရပ်ဖက် တရားစီရင်ရေးတွေ သုံးလို့မရဘူး။ သူက နိုင်ငံတော်သမ္မတရှိရင် နိုင်ငံတော်သမ္မတက ၊ နိုင်ငံတော်သမ္မတ မဟုတ်တဲ့ အခုလိုကာလမှာ ကာကွယ်ရေးဉီးစီးချုပ်ကနေ ဒီမှာ အဲဒီစစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ ဒေသတွေ ကိုသက်ဆိုင်ရာ စစ်တိုင်းမှူးများကို ကြီးကြပ်အုပ်ချုပ်ဖို့ တာဝန်ပေးပါတယ်။ အဲဒီအတွင်းမှာဖြစ်ပွားတဲ့ အဲဒီနယ် မြေအတွင်းမှာ ဖြစ်ပွားတဲ့အမှုအခင်းအားလုံးကိုလည်း တပ်မတော်အက်ဥပဒေနဲ့ နည်းဥပဒေအရ ဖွဲ့စည်းပေး ထားတဲ့ စစ်ခုံရုံးတွေကပဲ စစ်ဆေးစီရင်ရမယ်လို့ ဥပဒေနဲ့အညီ ပြဌာန်းထားတာ ဖြစ်တဲ့အတွက် အခုဒီသေဒဏ် ချမှတ်ခြင်းခံရတဲ့ ကလေးတွေက စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ဒေသအတွင်းမှာ နေထိုင်တဲ့သူဖြစ်မယ် (သို့) ဒေသအတွင်းမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေဖြစ်လို့သာလျှင် စစ်ခုံရုံးကနေမှ အရေးယူတာ ဖြစ်တော့ ဒါကိုတော့ ဥပဒေနဲ့မညီဘူးလို့ ပြောလို့မရပါဘူး။ ဒါကတပ်မတော်ဥပဒေ၊ နည်းဥပဒေနဲ့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပြောရ မှာဖြစ်ပါတယ်။

-နောက်ဆုံးအနေနဲ့ ကျောင်းသားတွေအပေါ် သေဒဏ်ချမှတ်မှုကို နိုင်ငံတကာ၊ အရပ်ဘက်အဖွဲ့တွေရဲ့ ကန့် ကွက်တာတွေရှိနေတော့ စစ်ကောင်စီဘက်က ဖြေလျော့တာတွေ လုပ်ပေးနိုင်လား။ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ပြောရရင်တော့ သူက နိုင်ငံတကာက ဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ ကန့်ကွက်တာတွေ၊ ရှုတ်ချတာတွေ ဘယ်လို ပဲလုပ်လုပ်ပေါ့လေ။ ဒါစစ်ကောင်စီမှ မဟုတ်ပါဘူး။ အရပ်ဘက်အစိုးရတစ်ရပ်ဆိုရင်လည်း သူကဥပဒေက ဥပ ဒေအတိုင်းပဲသွားနေမှာပဲ။ အဲဒီဥပဒေအပေါ်မှာပဲ တည်မှီပြီးတော့ ဖြေလျော့ပေးတာတွေ ဆောင်ရွက်ပေးလို့ ရမှာဖြစ်ပါတယ်။ ခုနက ဒီဥပဒေအရသွားနေတဲ့ လုပ်ငန်းစဉ်တစ်ခုကို အပြင်ကနေဖိအားပေးဖို့ နိုင်ငံတကာက ပဲဖြစ်ဖြစ်၊ ပြည်တွင်းကပဲဖြစ်ဖြစ် ဖိအားပေးလို့ပြောင်းလဲသွားစရာ အကြောင်းမရှိဘူး။ ခုနကအခြေအနေတွေ ပြောင်းလဲသွားရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ ပုံမှန်အားဖြင့် ဥပဒေအတိုင်းသွားနေတဲ့ လုပ်ငန်းစဉ်တစ်ခုကိုတော့ အပြင်ဖိအားတစ်ခုခုက ပြောင်းလဲအောင်တော့ စွမ်းဆောင်နိုင်စရာ မရှိဘူးလို့ ပြောရမှာပဲဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.