ကိဗ်ယက်၊ ဒီဇင်ဘာ(၈)

ကီလိုမီတာရာနဲ့ချီဝေးတဲ့ ရုရှားနိုင်ငံထဲက လေတပ်စခန်းနှစ်ခုကို တိုက်ခိုက်နိုင်ကြောင်း သက်သေပြခဲ့ပြီး နောက်ထပ် တစ်ရက်အကြာမှာပဲ ယူကရိန်းက ရုရှားရဲ့ တတိယမြောက်လေယာဉ်ကွင်းတစ်ခုကို မောင်းသူ မဲ့လေယာဉ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းနယ်စပ်ရဲ့ မြောက်ဘက် ကီလိုမီတာ (၉၀) အကွာမှာရှိတဲ့ ရုရှားနိုင်ငံ ကာ့စ်မြို့က အရာရှိတွေဟာ ဒီဇင်ဘာ ၆ရက်နေ့က နောက်ဆုံ းတိုက်ခိုက်မှုအပြီး လေယာဉ်ကွင်းအပေါ်မှာ မဲမှောင်နေတဲ့ မီးခိုးပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဆီသိုလှောင်ကန်တစ်ခု မီးလောင်သွားပေမယ့်လည်း ထိခိုက်သေဆုံးမှု မရှိဘူးလို့ ကာ့စ်မြို့ရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဆိုဗီယက်ခေတ် မောင်းသူမဲ့ လေယာဉ်တွေလို့ဆိုနိုင်တဲ့ ရုရှားရဲ့ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ တည်ရှိရာ အန်ဂဲလ်စ်လေတပ်အခြေစိုက်စခန်းနဲ့ မော်စကိုကနေ နာရီအနည်းငယ်ကြာ ကားမောင်းရတဲ့ ရွိုင်ဇန်တို့ဟာ ယူကရိန်းနဲ့ ကီလိုမီတာ ရာနှင့်ချီတဲ့ အကွာအဝေးမှာရှိတဲ့ နေရာတွေဖြစ်ပါတယ်။

အဲဒီနေရာတွေကို ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုကနေ ထိမှန်ခဲ့ကြောင်း ရုရှားကပြီးခဲ့တဲ့  တန င်္လာနေ့က ပြောကြားခဲ့ပါတယ်။

ယူကရိန်းကတော့ အဲဒီတိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုတာ မပြောဆိုထားပါဘူး။ ဒီဇင်ဘာ (၆)ရက်နေ့မှာ အန်ဂဲလ်စ် လေယာဉ်ကွင်းမှာ ဥသြသံတွေ ထွက်ပေါ်လာခဲ့ကြောင်း ရုရှားအစိုးရပိုင် သတင်း အေဂျင်စီတွေက ဖော်ပြခဲ့တာပါ။
ဝါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ယူကရိန်းအနေနဲ့ ရုရှားနိုင်ငံအတွင်း ကိုဝင်ပြီး တိုက်ခိုက်ဖို့ကို အားပေးကူညီခြင်းမပြုကြောင်း ပြောဆိုနေစဉ်မှာပဲ ဒီဖြစ်ရပ်ကပေါ်ထွက်လာခဲ့တာပါ။ ယူကရိန်းနိုင်ငံအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့လိုအပ်တဲ့ ကိရိယာတွေကိုသာ ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ အန်တိုနီဘလင်ကန်က ပြောကြားခဲ့ပါတယ်။
လာမယ့်နှစ်မှာ ယူကရိန်းအတွက် လုံခြုံရေးအကူအညီ အနည်းဆုံး ဒေါ်လာ သန်း ၈၀၀ ပေးအပ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ရွိုင်ဇန် တိုက်ခိုက်ခံရမှုမှာ  တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး တိုက်ခိုက်မှုတွေဟာ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ရုရှားရဲ့ တာဝေးပစ်လေယာဉ်တွေကို ဖျက်ဆီးဖို့ရည်ရွယ်တာဖြစ်တယ်လို့လည်း ဆက်လက်ပြောပါတယ်။
 ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းကာကွယ်ရေး ဝန်ကြီးကို မေးမြန်းရာမှာတော့  “မီးခိုးတွေက ရုရှားလူမျိုးတွေ စီးကရက်တွေသောက်ပြီး မဆင်မခြင် လွှင့်ပစ်လို့် ဖြစ်မယ်” လို့ ပြက်လုံးထုတ်ခဲ့ပါတယ်။

ရုရှားရဲ့ မဟာမိတ်ဖြစ်တဲ့ အိမ်နီးချင်း ဘီလာရုစ်က အကြမ်းဖက်ဝါဒအပေါ် တုံ့ပြန်မှုကို စစ်ဆေးဖို့ စစ်လက် နက်ပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကို မကြာခင် ရွှေ့ပြောင်းဖို့ စီစဉ်နေပြီး လေ့ကျင့်ရေးမှာ လက်နက်တုတွေကို အသုံးပြုမယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေပါတယ်။

ဘီလာရုစ်ကတော့ စစ်ပွဲထဲကို ပါဝင်ပတ်သက်မှာ မဟုတ်ဘူးလို့  ပြောကြားထားပေမယ့်လည်း ယူကရိန်း မြောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး  ရုရှားနှင့် ဘီလာရုစ်တို့ ပူးပေါင်းကျုးကျော်ဖို့  စီစဉ်နေတာလို့ ယူကရိန်းက လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.