ရန်ကုန် – ဒီဇင်ဘာ(၇)

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ဂျိမ်းကို အင်းစိန်ထောင်တွင်း တရားရုံးက ဒီနေ့ ဒီဇင်ဘာလ(၇) ရက်နေ့ မှာ ထောင်ဒဏ်(၃) နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကိုလင်းထက်နိုင်ကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဇွန်လ က ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး ခဲ့ပြီးနောက် နိုဝင်ဘာလမှာတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

စစ်ကောင်စီက ထောင်ဒဏ်(၃) နှစ်ချလိုက်တာဟာ ပုဒ်မ ၅၀၅(က) အတွက်ဖြစ်ပြီး နောက်ထပ် အမှုတစ်ခုဖြစ်တဲ့ ပုဒ်မ၅၀(ည) အတွက် တရားရင်ဆိုင်ရဦးမှာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၉) ရက်နေ့က အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံး ခဲ့တဲ့ အရပ်သားတွေထဲမှာ ကိုလင်းထက်နိုင်ရဲ့ မိခင်လည်း ပါဝင်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – ပုံဟောင်း(CJ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.