ဘန်ကောက် – ဒီဇင်ဘာ(၈)

ထိုင်းနိုင်ငံအတွင် ဗီဇာရက်ကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးရုံး တွေက ဖမ်းဆီးသွားမယ့် လှုပ်ရှားမှုကို ဒီဇင်ဘာလ(၁) ရက်နေ့ကနေ ဒီဇင်ဘာလ(၁၀) ရက် အတွင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဖမ်းဆီးချိန်မှာလဲ မျက်နှာ မှတ်မိနိုင်မယ့် နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

နည်းပညာသစ်ကို ကော့စမွေ၊ကော့ဖငန်နဲ့ ခိုတောင် ကျွန်းတွေတည်ရှိရာ ဆူရတ်ဌာနီ ခရိုင် ဒေသန္တရ မှာရှိတဲ့ လူဝင်မှု ကြီးကြပ်ရေးရုံးတွေမှာ စတင်အသုံးပြုနေကြပြီဖြစ်တယ်လို့ သိရပါတယ်။ 

မျက်နှာမှတ်မိတဲ့ နည်းပညာကို စောင့်ကြည့်ရေး စမတ်ကားတွေမှာ တပ်ဆင်သွားမှာဖြစ်ပြီး အဲဒီနည်းပညာဟာ နိုင်ငံခြားသားတွေရဲ့ မျက်နှာကို လျင်မြန်စွာ မှတ်မိနိုင်တယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗီဇာရက်လွန်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ သလို ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းခရိုင်ဒေသန္တရ မြို့တော်ဖြစ်တဲ့ ချင်းမိုင်မှာလည်း ထိုင်းရဲတပ်ဖွဲ့က ရက်လွန်နေထိုင်တဲ့ နိုင်ငံခြားသား(၆) ဦးကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသား (၂) ဦးပါ ဝင်ခဲ့တာပါ။ 

ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား တစ်ဦးဟာ အသက်(၄၂) နှစ်အရွယ်ရှိပြီး သူဟာ အလုပ်လုပ် ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သလို ထိုင်းနိုင်ငံမှာ (၅) ရက်ကျော်လွန်ကာ နေထိုင်ခဲ့သူဖြစ်ပြီး နောက်ထပ်မြန်မာတစ်ဦးကတော့ (၄) လနီးပါး ဗီဇာကျော်လွန်နေထိုင် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေထဲမှာတော့ အသက်(၃၅) နှစ်နဲ့ အသက်(၄၀) အရွယ်ရှိသူ နှစ်ဦးပါဝင်ပြီး တစ်ဦးက (၃) လနီးပါးရက်လွန်နေထိုင်သူဖြစ်ကာ နောက်တစ်ဦးကတော့ နိုင်ငံကူး လက်မှတ် သက်တမ်းကုန်ဆုံးရက်ထက် (၄၉) ရက်ကျော်လွန်နေထိုင်ခဲ့သူတွေဖြစ်ပါတယ်။ 

Ref:Thethaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.