မော်လမြိုင် – ဒီဇင်ဘာ(၈)
တော်လှန်ရေးဟာ ဖက်ဆစ်စစ်တပ်နဲ့ ပြည်သူ့စစ်တပ် စစ်တပ်နှစ်ခု ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ တိုက်ပွဲဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာတာ ဟာ PDF တပ်မတော်ရဲ့ ဂုဏ်ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ PDF ရဲဘော်တွေကို အပတ်စဉ်ပြောတဲ့ ရေဒီယို မိန့်ခွန်းမှာ အခုလို ပြောဆိုခဲ့တာပါ။
“ ဒီတော်လှန်ရေးက ဖက်ဆစ်စစ်တပ်နဲ့ ပြည်သူ့စစ်တပ် စစ်တပ်နှစ်ခု ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ တိုက်ပွဲလည်း ဖြစ်တယ်။ စစ်ဖက်ဆိုင်ရာကျင့် ဝတ် နဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ လိုက်နာခြင်းဟာ PDF တပ်မတော်ရဲ့ ဂုဏ် ဖြစ်တယ်၊ PDF တပ်မတော်ရဲ့ အနာဂတ် ဖြစ်တယ် ဆိုတာ ရဲဘော်တို့အားလုံး သတိချပ်စေလိုတယ်” လို့ ကာကွယ်ရေးဝန်ကြီးကပြောကြားပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ Chain of Command အသား သေပြီးသားစစ်တပ်တစ်ခုဖြစ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ ပြည်သူ့စစ်တပ်ကို တည်ဆောက်ရမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါသေးတယ်။
လက်ရှိအချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ PDF တပ်မတော်မှာ မြောက်ပိုင်းတိုင်း၊အလယ်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်း စစ်တိုင်း(၃) တိုင်းနဲ့ စစ်ရုံးချုပ်ရှိနေပြီ ဖြစ်သလို မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဟာ စစ်ရုံးချုပ်၊စစ်တိုင်းတွေနဲ့ ပုံမှန်ဆက်သွယ်ဆောင် ရွက်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ဒေသ(၃)ခုရှိပြီး စစ်ဒေသမှူးတွေအဖြစ် မဟာမိတ် EROs တွေရဲ့ စစ်ဖက်ထိပ်တန်းခေါင်းဆောင်တွေ တာဝန်ယူထားတယ်လို့ ကာကွယ် ရေးဝန်ကြီးက ပြောခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်