Radio Than Lwin Times(7/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မော်လမြိုင် – ဒီဇင်ဘာ(၈) တော်လှန်ရေးဟာ ဖက်ဆစ်စစ်တပ်နဲ့ ပြည်သူ့စစ်တပ် စစ်တပ်နှစ်ခု ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ တိုက်ပွဲဖြစ်ပြီး စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာတာ ဟာ PDF တပ်မတော်ရဲ့ ဂုဏ်ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ PDF ရဲဘော်တွေကို အပတ်စဉ်ပြောတဲ့ ရေဒီယို…
ဒဂုံမြို့သစ်တောင်ပိုင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာအငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား၇ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ မှာ စစ်ကောင်စီ စစ်ခုရုံးကနေ သေဒဏ်ချမှတ်လိုက်ပါတယ်။ တက္ကသိုလ်ကျောင်းသား ၇ဦးကို စစ်ခုရုံးကနေ သေဒဏ်ချမှတ်ပြီးနောက် သေဒဏ်စီရင်တော့ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက် ပေါ်တာပါ။ ဒါကြောင့် စစ်ခုံရုံးကနေ သေဒဏ်ချမှတ်လိုက်တဲ့အမှုတွေဟာ သေဒဏ်စီရင်နိုင်ဖို့ဆိုရင်…
မော်လမြိုင်၊ ဒီဇင်ဘာ၊ (၈)ရက် ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ဘယ်လ်ဂျီယံအသင်း ၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာသွားပြီးနောက် နိုင်ငံကစားသမားဘဝကနေ အနားယူကြောင်း အတည်ပြုကြေညာလိုက်တာပါ။ အီဒင်ဟာဇက်ရဲ့ ဘယ်လ်ဂျီယံအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊…
ကော့ကရိတ်၊ ဒီဇင်ဘာ(၈)ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလားယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် ဒေသခံနေအိမ် ၁၄ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဘောဒိုင်းကျေးရွာထဲကို ကော့ကရိတ်အခြေစိုက်အမြှောက်တပ်ရင်းကနေ လက်နက်ကြီး…
မော်လမြိုင်၊ ဒီဇင်ဘာ (၈) AAPP ရဲ့ ဒီဇင်ဘာ (၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၅)ရက်အတွင်း ပြည်သူ (၂၅၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၃၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…
ရန်ကုန်၊ ဒီဇင်ဘာ(၈) အာဏာသိမ်းစစ်ကောင်စီက လာမယ့်နှစ်မှာနိုင်ငံတဝန်း ရွေးကောက်ပွဲကျင်းပဖို့အတွက် တော်လှန်ရေး အင်အားစုတွေအပေါ် စစ်ရေးအရှိန်မြင့်တင်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ အကြားအလပ်မရှိ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မျှော်မှန်းထားတဲ့အတွက် အကြမ်းဖက်နှိမ်နင်းရေး ခေါင်းစဉ်အောက်ကနေ စစ်ရေး အရှိန်မြင့်တင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့…
ဖာပွန်၊ ဒီဇင်ဘာ (၈) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စ ခန်း ၃ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိထားပြီလို့ ကရင်အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၆)ရက်နေ့ မနက်အစောပိုင်းကစပြီး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့တပ်စခန်းတွေဖြစ်ကြတဲ့ လယ်တိုး၊ ခေါပူနဲ့ သီးရိုထာစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…
မော်လမြိုင်၊ ဒီဇင်ဘာ (၈) မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီးမှာ လုံခြုံရေးအကြောင်းပြပြီး တပ်ဆင် စစ်ဆေးနေတဲ့ X-Ray စက် စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီဘက်က ဖြေလျော့မှုတချို့ လုပ်ပေးလာပေမယ့် ကြန့်ကြာမှုတွေ ရှိနေသေးတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အရင်ကမည်သည့်ယာဉ်မဆို X-Ray စက်ကို ဖြတ်သန်းပြီးမှသာ ခရီးဆက်လက် ထွက်ခွာခွင့်ပြုတာကြောင့် ယာဉ်ပိတ်ဆို့မှုတွေ…
တနင်္သာရီ၊ ဒီဇင်ဘာ(၈) စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကိုရဲ့ ဖောင်တောကြီး ရေအားလျှပ်စစ်စီမံကိန်း ကွင်းဆင်းသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူပေးတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် လုံခြုံရေးလာယူတဲ့ တပ်အင်အား ၃၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို သရက်ငုတ်ကျေးရွာ အရောက်မှာ ထားဝယ်ပြောက် ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက…