November 2022

ဒေသတွင်း လုံခြုံရေး မြှင့်တင်ဖို့ အာဆီယံကာကွယ်ရေးဝန်ကြီးတွေ သဘောတူ

ဖနွမ်းပင် – နိုဝင်ဘာ(၂၅) စင်္ကာပူကာကွယ်ရေးဝန်ကြီး နန်အန့်ချ်ဟန်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ မှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး Asean Defence Ministers’ Meeting-Plus (ADMM-Plus) မှာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မြှင့်တင်ဖို့အတွက် တိုက်တွန်းခဲ့ပါတယ်။ အွန်လိုင်းစနစ်နဲ့ (၂) နှစ်ကျော်ကြာ ကျင်းပပြီးနောက် ဒီ ADMM Plus…

မကွေးလူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူ ကိုချစ်ဝင်းမောင်နဲ့ ဆက်သွယ်မေးမြန်းချက်

မကွေးတိုင်းဒေသကြီးက အညာသူ၊အညာသားတွေဟာ အာဏာသိမ်း စစ်အုပ်စုကို ရရာလက်နက်တွေ စွဲကိုင်ပြီး ဆန့်ကျင်တော်လှန်နေတာ ၂ နှစ်နီးပါးကာလအတွင်းကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ မကွေးဒေသခံတွေကို အပြင်းအထန်ဆုံး ဖိနှိပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ အစုအလိုက် အပြုံအလိုက် သတ်ဖြတ်မှုတွေကိုပါ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် အာဏာသိမ်းတဲ့ ၂၂ လတာကာလအတွင်း…

ဗြိတိန်က ယူကရိန်းကို ပထမဆုံးအကြိမ်အဖြစ် ရဟတ်ယာဉ်တွေပေးပို့မယ်

လန်ဒန် – နိုဝင်ဘာ(၂၅) ရုရှားကျူးကျော်မှုနောက်ပိုင်း ဗြိတိန်က ယူကရိန်းကို ရဟတ်ယာဉ်တွေ ပထမဆုံးအကြိမ်အဖြစ် ပေးပို့မှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ ယူကရိန်းရဲ့ ဝန်ထမ်းနဲ့ အင်ဂျင်နီယာတပ်ဖွဲ့ဝင်(၁၀) ဦးကို ယူကေမှာ ခြောက်ပတ်ကြာလေ့ကျင့် ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးဌာနက အသိပေးထားပါတယ်။ ပထမဆုံးရောက်ရှိနေပြီဖြစ်တဲ့ ဗြိတိန်စစ်တပ်ရဲ့ Sea King ရဟတ်ယာဉ်သုံးစီးအပြင် နောက်ထပ် အမြာက်ကျည် (၁) သောင်းကိုလည်း…

ဗမာ့လူငယ်ကွန်ရက်(ဗလက) ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုစန်းမင်းပိုင်

ဗမာ့လူငယ်ကွန်ရက်(ဗလက)ဟာ စစ်အာဏာရှင်ကျဆုံးရေးအတွက် လက်နက်ကိုင် လမ်းစဉ်အပြင် အကြမ်းမ ဖက်တဲ့ နည်းလမ်းတွေနဲ့လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာ၊ တော်လှန်ရေးအတွင်း ပါဝင်သူတွေကို တတ် နိုင်တဲ့ဘက်ကနေ ရန်ပုံငွေတွေ ရှာဖွေပြီး ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဗမာ့ လူငယ်ကွန်ရက်(ဗလက) ထူထောင်ရတဲ့ အကြောင်းအရင်း၊ ရည်ရွယ်ချက်တွေ၊ လက်ရှိမှာရော တော်လှန်ရေး အတွက် ဘာတွေ လုပ်ဆောင်ပေးနေလဲ။ ဘယ်လို စိန်ခေါ်မှု…

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

သထုံ၊ နိုဝင်ဘာ (၂၅) မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံတပ်က စစ်ကောင်စီတပ်သား ၂ ဦးဟာ KNLA တပ်မဟာ(၁)ထံ ဝင်ရောက်ခိုလှုံလာတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ စကစ (၈) လက်အောက်ခံ ခမရ (၄၀၅) တပ်ရင်း ရှေ့တန်းစခန်းက တပ်သား ၂…

စစ်အာဏာသိမ်း (၆၆၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၃ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၅) AAPP ရဲ့ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၂)ရက်အတွင်း ပြည်သူ (၂၅၃၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၂၆ ဦးအထိရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၁၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေ

မော်လမြိုင်၊ နိုဝင်ဘာ (၂၅)မွန်ပြည်နယ်အတွင်းရှိ တရားမဝင်အနှိပ်ခန်းနဲ့ လိင်ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အသုံးချဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခေါ်ဆောင်သွားတဲ့ အမျိုးသမီးလိင်လုပ်သားတချို့ဟာ သတင်းအစအန မရဘဲ ပျောက်ဆုံးတာတွေ ရှိလာတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်ကိုင်စားသောက်နေရတဲ့ အမျိုးသမီး လိင်လုပ်သားတွေကို ဆိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီး ခေါ်ဆောင်တာတွေရှိသလို လက်…

မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ

မြဝတီ၊ နိုဝင်ဘာ (၂၄) ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ အခုရက်ပိုင်းတွေထဲ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၂)ရက်နေ့က တပ်မဟာ(၆)နယ်မြေ မြဝတီ-ဝေါ်လေ ကားလမ်းတစ်နေရာမှာ KNLA ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းက ထောက်ပို့ယာဉ်ဟာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲဘော်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။…

စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် ခရီးသည်ရရှိမှု နည်းပါးလာလို့ ယာဉ်လိုင်းပြေးဆွဲမှု ထက်ဝက်နီးပါး လျော့ချလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၅)မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီးမှာ တပ်ဆင်စစ်ဆေးနေတဲ့ စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် ခရီးစဉ်တွေ ကြန့်ကြာမှုရှိတဲ့အတွက် မော်တော်ယာဉ် စီးနင်းသူနည်းပါးလာတာကြောင့် အဝေးပြေးယာဉ်လိုင်း ပြေးဆွဲမှု ထက်ဝက်နီးပါး လျော့ချထားရတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ လုံခြုံရေး အကြောင်းပြချက်နဲ့ မော်လမြိုင်-ရန်ကုန်အဝေးပြေးကားလမ်းမပေါ်မှာ X-Ray စက်တပ်ဆင်ပြီး ယာဉ်လိုင်းအားလုံးကို အချိန်ကြာမြင့်စွာ တန်းစီ…

နိုင်ငံတဝန်းမှာ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊အဆောက်အဦးပေါင်း ၈၀၀ နီးပါးထိ ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ (၂၅)နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး အခုနှစ် အောက်တိုဘာလကုန်ထိ စစ်အုပ်စုရဲ့ မတရားချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အဦးပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတွေ ကောက်ယူရေးအဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ စာရင်းတွေအရ ပါတီဝင်၂၇၄…