November 2022

KNU တပ်မဟာ(၆) တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားနေ

မြဝတီ၊ နိုဝင်ဘာ (၂၆)ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနိုဝင်ဘာလ ရက်ပေါင်း(၂၀)ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး များပြားနေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ(၁)ရက်နေ့က (၂၄)ရက်နေ့အထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၁)ကြိမ်ဖြစ်ပွားခဲ့ရာ…

စစ်အာဏာသိမ်း (၆၆၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၃၈ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂၆) AAPP ရဲ့ နိုဝင်ဘာလ (၂၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၆၃)ရက်အတွင်း ပြည်သူ (၂၅၃၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၄၃၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေကို ပေးအပ်ပြီး စည်းရုံးသိမ်းသွင်းဖို့ စစ်ကောင်စီကြိုးပမ်းလာ

ရန်ကုန်၊ နိုဝင်ဘာ (၂၆) နိုင်ငံတော်အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အကြောင်း ပြချက်နဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ပေးအပ်တာဟာ စည်းရုံးသိမ်းသွင်းဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးသမားတွေနဲ့ လေ့လာသုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့တဲ့…

လယ်သစ်ရွာ တိုက်ပွဲကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီ၊ နိုဝင်ဘာ (၂၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီလောက်ကစပြီး လယ်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့…

ရွှေဒင်္ဂါးဝယ်ယူသူတွေရဲ့ ဝင်ငွေရလမ်းတွေကို စစ်ဆေးမယ်လို့ စစ်ကောင်စီပြော

မော်လမြိုင်၊ နိုဝင်ဘာ (၂၆)ပြည်တွင်းရွှေဈေးနှုန်းတွေ ကျဆင်းလာဖို့အတွက် ရွှေဒင်္ဂါးတွေ ရောင်းချပေးရာမှာ စီးပွားရှာသူတွေ ပါဝင်နေတာကြောင့် ရွှေဒင်္ဂါးဝယ်ယူသူတွေရဲ့ ဝင်ငွေရလမ်းတွေကို စစ်ဆေးမယ်လို့ စစ်ကောင်စီဘက် ပြောဆိုလာတာပါ။ စစ်ကောင်စီ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပြည်တွင်း ရွှေဈေးနှုန်း ကျဆင်းလာဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ စက်တင်ဘာလစပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးတို့မှာ ရွှေဒင်္ဂါးတွေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွှေဒင်္ဂါးတွေ ရောင်းချပေးရမှာ စီးပွားရှာဝယ်ယူသူတချို့ဟာ အခြေခံ…

ဖမ်းဆီးခံ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက တပ်ခွဲမှူး စစ်ကြောရေးမှာ ကျဆုံး

သရက်ချောင်း၊ နိုဝင်ဘာ (၂၆) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဝင်းကဖော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက တပ်ခွဲမှူး ရဲဘော်သံတိုင်ဟာ စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ မနက် ၉ နာရီလောက်မှာ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာဘက်ကို ရဲဘော်သံတိုင် အပါအဝင် PDF…

စစ်ကောင်စီက ဂန့်ဂေါဒေသခံတစ်ဦးကို အကြောင်းမဲ့နှိပ်စက်သတ်ဖြတ်

ဂန့်ဂေါ – နိုဝင်ဘာ(၂၅) မကွေးတိုင်း ဂန့်ဂေါမြို့နယ်က ဆောက်လုပ်ရေးလုပ်သား(လက်သမား) တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၄) ရက်နေ့က စစ်ကောင်စီစစ်ကြောင်းဟာ ရှုံးရှီရွာကို ဝင်ရောက်လာပြီးနောက် လက်သမားဆရာ ကိုခိုင်ဇော်သန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တာပါ။ လက်သမားဆရာ ကိုခိုင်ဇော်သန်းကို ခလရ-၅၀ ကထွက်လာတဲ့ စစ်ကြောင်းက ဖမ်းဆီးပြီးနောက်…

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကမုဒိမ်းမှု(၁၆)မှုထက်မနည်း ကျူးလွန်ထားတယ်လို့ WLB ထုတ်ပြန်

မော်လမြိုင် – နိုဝင်ဘာ(၂၅) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့အထိ အိမ်တွင်း အကြမ်းဖက်မှု(၁၁၁) မှု၊ စစ်တပ်ကကျူးလွန်ထားတဲ့ မုဒိမ်းမှု(၁၆) မှုနဲ့ အရပ်သားက ကျူးလွန်ထား တဲ့မုဒိမ်းမှု(၁၄) မှုထက်မနည်းရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma (WLB) က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့မှာ ကျရောက်တဲ့…

အမေရိကန်ဘလော့ဂါတစ်ဦးကို သတ်ဖြတ်မှုအတွက် သေဒဏ်ချခံထားရတဲ့ တရားခံနှစ်ဦး ဘင်္ဂလားဒေ့ရှ် တရားရုံးတော်မှ ထွက်ပြေးလွတ်မြောက်

ဒါကာ၊ နိုဝင်ဘာ (၂၅) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘလော့ဂါတစ်ဦးကို သတ်ဖြတ်မှုအတွက် အမျိုးသားနှစ်ဦး သေဒဏ်ချမှတ်ခံထားရပြီး အဲဒီတရားခံနှစ်ဦးဟာ ဒါကာရှိ လူစည်ကားတဲ့တရားရုံးတစ်ခုကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား အမေရိကန်နိုင်ငံသား အာဗစ်ဂျီရွိုင်ဟာ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ ဒါကာ စာအုပ်ဈေး ရောင်းပွဲကနေ ဇနီးဖြစ်သူနဲ့အတူ အိမ်ပြန်လာစဉ်မှာ ဓားနဲ့ခုတ်သတ်ခံခဲ့ရတာပါ။ သူ့ရဲ့ ဇနီးသည်ကလည်း ဘလော့ဂါတစ်ဦးပင်ဖြစ်ပြီး အဲဒီတိုက်ခိုက်ခံရမှုမှာ ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိ…