November 2022

MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ စစ်ကောင်စီရဲ့ ဆောင်ရွက်မှု မြေပြင်မှာအလုပ်မဖြစ်

မော်လမြိုင်၊ နိုဝင်ဘာ(၂၇) အာဏာသိမ်း စစ်ကောင်စီက အသေးစား၊ အငယ်စားနဲ့ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းတွေ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နေမှုတွေဟာ မြေပြင်အခြေအနေနဲ့ ကွာဟနေတာကြောင့် အလုပ်မဖြစ်ဘူးလို့ စီးပွားရေးပညာရှင်နဲ့ လုပ်ငန်းရှင်တွေက ဝေဖန်လိုက်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးဖို့အတွက် ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ ကို မတည်ထူထောင်ပေးထားပြီး မကြာမီကာလမှာ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး…

မွန်လူငယ်ဆုံရပ် (MYF) ပြောခွင့်ရ ကိုမြင့်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်

မွန်လူငယ်ဆုံရပ် (MYF) ဟာ ဒေသအတွင်းက မွန်လူငယ်တွေရဲ့ နိုင်ငံရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှု၊ စွမ်းရည်မြှင့်တင်မှု သင်တန်းတွေအပြင် လူငယ်မူဝါဒတွေ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် အာဏာသိမ်းပြီးနောက် မွန်လူငယ်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။ စစ်ကောင်စီဘက်က လာရောက် တားဆီးကန့်သတ်တာတွေ ရှိနေလား။ ဒီအခြေအနေနဲ့…

ရွှေတြိဂံဒေသစီးပွားရေးဇုန်က ရာဇဝတ်မှုတွေကိုတားဆီးဖို့ လာအိုအာဏာပိုင်တွေ အစွမ်းအစမရှိဖြစ်နေ

လာအို၊ နိုဝင်ဘာ (၂၇) ပြည့်တာဆာလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ အပါအဝင် ရာဇဝတ်မှုတွေများစွာရှိတဲ့ လာအိုနိုင်ငံ မြောက်ပိုင်းက ရွှေတြိဂံ အထူးစီးပွားရေးဇုန်အတွင်းရှိ ကိစ္စရပ်တွေကို ရပ်တန့်ဖို့ လာအို အာဏာ ပိုင်တွေမှာ အစွမ်းအစမရှိဘူးလို့ အလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့က ဝေဖန်လိုက်ပါတယ်။ မဲခေါင်မြစ်တလျှောက် လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ ဆုံရာ ဘိုကီအို Bokeo ခရိုင်ဟာ တရုတ်နိုင်ငံသားတွေ…

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တရုတ်က မြောက်ကိုရီးယားနဲ့ လက်တွဲလုပ်ဖို့ ဆန္ဒရှိနေ

ပေကျင်း – နိုဝင်ဘာ(၂၇) တရုတ်သမ္မတ ရှီကျင်းဖျင်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ လက်တွဲလုပ် ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ပြောခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ သူတို့ရဲ့ အင်အားအပြင်းဆုံး စမ်းသပ်မှုတစ်ခုဖြစ်တဲ့ တိုက်ချင်းပစ်ဒုံး ကျည်ကို စမ်းသပ်ပြီးနောက် ရက်ပိုင်းအတွင်း တရုတ်သမ္မတရဲ့ သတင်းစကားထွက်ပေါ်လာ တာဖြစ်ပြီး ကင်မ်က အမေရိကန်ရဲ့ နျူကလီးယား…

ဟွာဝေးနဲ့ ZTE ပစ္စည်းတွေဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ဆိုပြီး အမေရိကန်မှာ ရောင်းချခွင့်ပိတ်ပင်

ဝါရှင်တန် – နိုဝင်ဘာ(၂၇) အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ဆိုပြီး တရုတ်ပိုင် ဟွာဝေးနဲ့ ZTE ထုတ် တယ်လီ ဆက်သွယ်ရေးကိရိယာပစ္စည်းအသစ်တွေကို တင်သွင်းရောင်းချခွင့် ပိတ်ပင်လိုက်တယ်လို့ အမေရိကန်အစိုးရက ကြေငြာခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင် စောင့်ကြည့်ရေးကိရိယာတွေ ထုတ်လုပ်တဲ့ Dahua Technology၊ Hangzhou Hikvision Digital Technology နဲ့Hytera ဆက်သွယ်ရေးတယ်လီကွန် လုပ်ငန်းစုက ထုတ်လုပ် တဲ့ ကိရိယာတွေကို…

ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး လည်မြိုဓါးထိုးခံရပြီး သေဆုံး

ထားဝယ်၊ နိုဝင်ဘာ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်အကျဉ်းထောင်ထဲမှာ နိုဝင်ဘာ ၂၆ ရက်နေ့ နေ့လည် ပိုင်းက နိုင်ငံရေးအကျဉ်းသားတစ်ဦး လည်မြိုဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ထားဝယ်အကျဉ်း ထောင်နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဓါးနဲ့ ထိုးခံရသူဟာ ထားဝယ်၊ ကြက်စာပြင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ကိုမောင်နိုင်(ခ)နိုင်ဦး ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၅၀၅(က)အပြင်…