November 2022

စစ်အာဏာသိမ်း (၆၃၉) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၀၇ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၂) AAPP ရဲ့နိုဝင်ဘာလ (၁) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၃၉)ရက်အတွင်း ပြည်သူ (၂၄၀၇)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၃၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

မွန်ပြည်နယ်မှာ စပါးတင်းတစ်ရာ ကျပ် ၁၀ သိန်းဝန်းကျင် ပေါက်ဈေးရှိပေမယ့် တောင်သူတွေ အကျိုးမြတ် မရှိနိုင်

မော်လမြိုင်၊ နိုဝင်ဘာ(၂) မွန်ပြည်နယ်မှာ မိုးစပါးပေါ်ချိန် စပါးတင်းတစ်ရာကို ကျပ် ၁၀ သိန်းဝန်းကျင် ပေါက်ဈေးရှိပေမယ့် အာ ဏာ သိမ်းမှုကြောင့် အထွေ ထွေကုန်စရိတ် အဆမတန်မြင့်တက်နေတဲ့အတွက် အကျိုးမြတ် မရှိနိုင်ဘူးလို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြော ပါတယ်။ ပြည်နယ်အတွင်းမှာတော့ မိုးစပါးပေါ်ချိန် ဆန်ကြမ်းအုပ်စုဝင် စပါးတင်းတစ်ရာကို ကျပ် ၁၀ သိန်း ဝန်းကျင်၊ စစ်ချောအုပ်စုဝင်…

ဘီးလင်းမြို့နယ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

ဘီးလင်း၊ နိုဝင်ဘာ (၂) မွန်ပြည်နယ်၊ ဘီးလင်းမြို့အဝင် ၊ တိုးဂိတ်ဟောင်းအနီးမှာ ရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ည ၉ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီ…

ကျိုက်ထီးရိုးတောင်တက် ကားဂိတ်ပစ်ခတ်မှုမှာ ဖမ်းဆီးခံ မွန်ဝန်ကြီးချုပ်နဲ့ သေဆုံးသွားတဲ့သူတချို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်

မော်လမြိုင်၊ နိုဝင်ဘာ (၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ပစ်ခတ်မှုမှာ ဖမ်းဆီးခံ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) က သေဆုံးပြီးသာသူတချို့ ပါဝင်ပတ်သက်နေတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်နေ့မှာ ဝါဒဖြန့်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ရှိ စစ်ကောင်စီ…

ကယားပြည်နယ်မှာ ဆေးကုသခွင့်မရလို့ စစ်ရှောင်ပြည်သူ သေဆုံးမှု ၉၀ ထိရှိလာ

လွိုင်ကော်၊ နိုဝင်ဘာ(၂) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ ဆေးဝါးမလုံလောက်တာအပြင် ကောင်းမွန်တဲ့ ဆေးကုသခွင့်မရတာကြောင့် စစ်ရှောင်ပြည်သူ သေဆုံးမှု ၉၀ ထိ ရှိလာတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ အဆိုအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁…

ရန်ကုန်က တစ်လအတွင်း ပေါက်ကွဲပစ်ခတ်မှု ဖြစ်စဉ်မှာ ဗိုလ်ကြီးအဆင့် အပါအဝင် ၂၀ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ (၂) ရန်ကုန်တိုင်းမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲပစ်ခတ်မှု ဖြစ်စဉ်မှာ စစ်ကောင်စီ ဗိုလ်ကြီးအဆင့် အပါအဝင် ၂၀ ဦး သေဆုံးခဲ့တယ်လို့ သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ သတင်းအချက် အလက်တွေ အရ သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း မြောက်ဥက္ကလာပ၊မြောက်ဒဂုံ၊တွံတေး၊ရွှေပြည်သာ၊ လှိုင်မြို့နယ်တွေမှာ မြို့ပြပျောက် ကြားအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်မှု…

ရခိုင်ပြည်နယ်မှာ (၆) ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်နီးပါးသေဆုံး

စစ်တွေ – နိုဝင်ဘာ(၁) ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ(၂၆) ရက်ကနေ (၃၁) ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေမှာ AA တပ်ဖွဲ့ဝင်တွေလဲ အထိအခိုက်ရှိခဲ့သလို စစ်တပ်ရဲ့ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြည်သူ (၆) ဦးသေဆုံးကာ (၂၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။…

စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်မယ်လို့ NUG ဝန်ကြီးချုပ်ဆို

မော်လမြိုင် – နိုဝင်ဘာ(၁) ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်းနှိပ်စက်နေတဲ့ စစ်ကောင်စီကို နည်းလမ်းမျိုး စုံနဲ့ တုံ့ပြန်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ(၁) ရက်နေ့မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇၃) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာအခုလိုပြောခဲ့တာပါ။ “ကျွန်တော်တို့ ဓမ္မဘက်တော်သားတွေကို ရုပ်ရောစိတ်ပါ ညှင်းပန်း နှိပ်စက်နေတဲ့ အကြမ်းဖက် သမားတွေကို ကျွန်တော်တို့အနေနဲ့လည်း နည်းလမ်းမျိုးစုံနဲ့…

ထီးလင်းမှာ စစ်ကောင်စီက ပြည်သူပိုင်အိမ်တွေကို မီးထပ်ရှို့

ထီးလင်း – နိုဝင်ဘာ(၁) မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို အင်အား(၁၀၀) ဝန်ကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ခဲ့လို့ ပြည်သူပိုင်နေအိမ် (၁၄) လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ကသံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ ကျားခဲ ကျေးရွာကို ဒီနေ့ နိုဝင်ဘာလ(၁) ရက်နေ့ မနက်အစောပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တာပါ။ ကျားခဲရွာကို မီးရှို့ပြီးနောက်စစ်ကောင်စီတပ်သားတွေဟာ ပါးမျဉ်းရွာဘက်ကို ပြန်လည်ထွက်ခွာ…