November 2022

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို မြင့်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ(၃) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို မြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါးနဲ့ လူငယ်အရေး ဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ရေး၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တို့မှာ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပြီး ကျန်မြို့နယ်တွေ ဖြစ်တဲ့ ပေါင်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊…

ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ၉ ဦး သေဆုံး

ရေး၊ နိုဝင်ဘာ (၃) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် ခြုံခိုတိုက်ခိုက်ခံရ တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးသွားတယ်လို့ တောင်ညိုပြည်သူ့ပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်မှာ လမ်းကင်းချဖို့လာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝဲခမိကျေးရွာနဲ့ရွာသာ အေးကျေးရွာကြားမှာ…

အသင်းအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းလာ

ရန်ကုန်၊ နိုဝင်ဘာ (၃) အာဏာသိမ်း စစ်ကောင်စီဟာ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေကို အတည်ပြုပြဌာန်ပြီးနောက် အသင်းအဖွဲ့တွေရဲ့ လုပ်ငန်းစဉ်နဲ့ ရပ်တည်ချက်တွေအပြင် ငွေကြေး စီးဆင်းမှုတွေကိုပါ ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ အသင်းအဖွဲ့ပိုင် ငွေကြေးနဲ့ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်း ဆည်းနိုင်တာ၊ အသင်းအဖွဲ့အတွင်း ပါဝင်သူတွေကိုလည်း ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို…

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီ လက်နက်ကြီး ထိမှန်တာကြောင့် အဖွားအိုတစ်ဦး သေဆုံး

ညောင်လေးပင်၊ နိုဝင်ဘာ (၃) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ကျေး ရွာထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ အဖွားအို တစ်ဦး သေဆုံးသွားတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ည ၈ နာရိလောက်မှာ စစ်ကောင်စီရဲ့ ခမရ(၅၉၀)တပ်ရင်းက KNU မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ ထီးတိုလိုကျေးရွာအတွင်းကို…

တရုတ်နိုင်ငံ ရှင်ကျန်းဒေသရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် နိုင်ငံပေါင်း (၅၀) မှ ရှုတ်ချခဲ့

ရှင်းကျန်း၊ နိုဝင်ဘာ (၂) တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ အနေနဲ့ ကုလသမဂ္ဂရဲ့ အစည်း အဝေးပွဲမှာ နိုင်ငံပေါင်း ၅၀က စုပေါင်းပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ “အထူးသဖြင့် ဝီဂါ နဲ့ ရှင်ကျန်းရှိ မွတ်ဆလင်လူနည်းစုတွေ အများစုနေထိုင်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် စိုးရိမ်မိပါတယ်” လို့ ကုလ အထွေထွေ…

APEC ထိပ်သီး အစည်းအဝေးကို တရုတ်သမ္မတရှီကျင့်ဖျင် တက်ရောက်မယ်

ဘန်ကောက်၊ နိုဝင်ဘာ(၁) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးကို တရုတ်သမ္မတ Xi Jinping တက်ရောက်မယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့ပါတယ်။ APEC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ တရုတ်နိုင်ငံရဲ့ သမ္မတ ရှီကျင့်ဖျင်ဟာ အဲဒီထိပ်သီးအစည်းအဝေးကို “အထူး ဧည့်သည်” အဖြစ် တက်ရောက်ဖို့အတွက် တရားဝင်အတည်ပြုခဲ့ကြောင်း ထိုင်းအစိုးရပြောရေး ဆိုခွင့်ရှိသူက နိုဝင်ဘာလ…

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဆက်လုပ်ရင် ပြင်းပြင်းထန်ထန် တုန့် ပြန်မယ်လို့ ခြိမ်းခြောက်ခံရ

ပြုံယမ်း – နိုဝင်ဘာ(၂) မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားပြီး ဒီလုပ်ရပ်ဟာ ပြုံယမ်းအတွက် ပိုမိုအားကောင်းတဲ့ နောက်ဆက်တွဲ အစီအမံတွေကို ဖြစ်ပေါ်စေနိုင်မယ့် ရန်စမှုဖြစ်တယ်လို့ ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်နဲ့ သူ့ရဲ့ အနီးတစ်ဝိုက်က အခြေအနေတွေဟာ အာဏာရဖို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အပစ်အခတ်ကင်းမဲ့ပြီး မဆင်မခြင် စစ်ရေးလှုပ်ရှားမှုတွေကြောင့် ပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုအဆင့်ကို ပြန်ရောက်သွားပြီလို့…

မသန်စွမ်းသူကို ပစ်သတ်တာ အာဏာသိမ်းစစ်တပ်ပါ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းအပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မြောင်မြို့နယ်မှာ ဆက်ကြေးမပေးလို့ဆိုပြီး မသန်စွမ်းအမျိုးသားတစ်ဦးကို PDF တွေက သေနတ်နဲ့ပစ်သတ်သွား “ဆိုတဲ့ အကြောင်းအရာကို…

တနင်္သာရီတိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ

တနင်္သာရီ၊ နိုဝင်ဘာ (၂) တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာနဲ့ဘန်လောကျေးရွာအတွင်း ဖြစ်ပွားနေတဲ့ နှစ်ဖက် တိုက်ပွဲတွေကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကပြီး ညောင်ပင်ကွင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။အဲဒီတိုက်ပွဲဟာ…