November 2022

စစ်တပ်လက်အောက်ခံ ဦးပိုင်ရဲ့ (YBS) ကားဝင်းဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန် – နိုဝင်ဘာ(၄) ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီသိမ်းယူထားတဲ့ (YBS)ကားဝင်းကို HUMAN RIGHTS DEFENDERS (HRD) အဖွဲ့က မိုင်ခွဲတိုက်ခိုက်ခဲ့တယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းနဲ့ ကနောင်မင်းသာကြီးလမ်းထောင်က စစ်ကောင်စီ ပိုင်ကားဝင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၃) ရက်နေ့ ညပိုင်းက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ တာလို့ ဆိုထားပါတယ်။…

ယူကရိန်း နျူကလီးယားစက်ရုံကို ရုရှားက ဒုံးကျည်နဲ့ပစ်ခတ်လို့ ဓါတ်အားလိုင်းတွေ ပြတ်တောက်

ကိဗ်၊ နိုဝင်ဘာ (၄) ယူကရိန်းရဲ့ ဧရိယာတွေကို နိုဝင်ဘာလ (၃) ရက်နေ့မှာ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် ဥရောပကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးတဲ့ အကြီးဆုံး နျူကလီးယားစက်ရုံ အပါအဝင် ဒေသအများ အပြားမှာ ပြင်းထန်တဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ယူကရိန်းတောင်ပိုင်းရှိ ဇာပိုရီဇီဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ရုရှားရဲ့ပစ်ခတ်မှုကြောင့် ကျန်ရှိ…

မြန်မာ စစ်ခေါင်းဆောင်နဲ့ နီးစပ်မှုရှိတဲ့ သူဌေးကြီးထွန်းမင်းလတ်ရဲ့ ကွန်ရက်ကို ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်နိုင်ခဲ့

ဘန်ကောက်၊ နိုဝင်ဘာ (၄) ခန့်မှန်းခြေတန်ဖိုး ၁.၈ ဘီလီယမ်တန်ဖိုးရှိတဲ့ မြန်မာသူဌေးကြီး ထွန်းမင်းလတ် ပိုင်ဆိုင်တဲ့ မူးယစ်ကွန်ရက်နဲ့ ပတ်သက်မှုရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းနိုင်ငံရဲ့ မြို့ပြရဲတပ်ဖွဲ့ဗျူရို နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့မှ ချိတ်ပိတ်သိမ်းဆည်းလိုက်ပါတယ်။ ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့ရဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့လုပ် ဆောင်သွားဖို့လည်း ရှိနေတာပါ။ တရားရေးဝန်ကြီး ဆွမ်ဆက် ထပ်ဆူတင်ရဲ့…

ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့တဲ့ သမ္မတဟောင်း ထရန့်ကို ဘိုင်ဒန်အပြစ်တင်

ဝါရှင်တန် – နိုဝင်ဘာ(၄) ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့ ငြင်းပယ်ခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တချို့ရဲ့ ခြိမ်းခြောက်မှုဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး သူတို့ကို လှုံ့ဆော်ခဲ့တဲ့ သမ္မတ ဟောင်းဒေါ်နယ်ထရန့်ကို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်က ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ သမ္မတဘိုင်ဒင်က ဒီမိုကရက်တွေက အမေရိကန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ချုပ်ကိုင်ထားမလား ဒါမှမဟုတ် ရီပတ်ဘလစ်ကန်တွေကို အာဏာလွှဲမလားဆိုတာ အမေရိကန် တွေမဆုံးဖြတ်ခင် ရက်ပိုင်းအလိုက “အမှားမလုပ်မိစေနဲ့…

သတင်းသမားတွေအပေါ် စစ်ကောင်စီ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူပေးဖို့ တောင်းဆို

မော်လမြိုင်၊ နိုဝင်ဘာ (၄) သတင်းသမားတွေအပေါ် စစ်ကောင်စီက ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်အောင် ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ တာဝန်ရှိသူတွေကို Free Experssion Myanmar က တောင်းဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ “အပြည်ပြည်ဆိုင်ရာသတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှု တွေကနေ ပြစ်ဒဏ်ကင်းလွတ်နေခြင်း ရပ်တန့်ရေးနေ့”အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း…

ရန်ကုန်မြို့မှာ အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာ

ရန်ကုန်၊ နိုဝင်ဘာ(၄) ရန်ကုန်မြို့မှာ ခိုးဆိုးလုနှိုက်အမှုတွေနဲ့ အိမ်တွင်း အထိဝင်ရောက်ပြီး အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အတွက် မြို့နေပြည်သူတွေဟာ စိတ်မလုံခြုံမှုနဲ့ နေထိုင်နေရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်နဲ့ နိုဝင်ဘာပထမပတ်အတွင်းမှာ အနုကြမ်းစီးခံရမှုအပါအဝင် ခိုးဆိုးလုနှိုက်မှု ၁၅ မှု ထက်မနည်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီအထဲမှာ တစ်ဦး အသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။…

စစ်အာဏာသိမ်း (၆၄၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၄၁၂ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၄) AAPP ရဲ့ နိုဝင်ဘာလ (၃) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၁)ရက်အတွင်း ပြည်သူ (၂၄၁၂)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၄၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီ ပြင်ဆင်လိုက်တဲ့ အမျိုးသား ပညာရေးဥပဒေဟာ စစ်အာဏာရှင်စနစ်ကို အပြီးသွတ်သွင်းဖို့ လုပ်ဆောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ(၄) အာဏာသိမ်းစစ်ကောင်စီက အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်လိုက်တာဟာ စစ်အာဏာ ရှင်စနစ်ကို အပြီးသွတ်သွင်းဖို့ လုပ်ဆောင်မှု ဖြစ်ပြီး ပညာရေးကဏ္ဍမှာ တိုင်းရင်းသားတွေရဲ့ ဘာသာ စကားစာပေကို ဗမာ ကိုလိုနီပြုတာလို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကျောင်းသားသမဂ္ဂတွေက ဝေဖန်လိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၁၄ ခုနှစ်မှာ အတည်ပြုပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကို အာဏာသိမ်း စစ်ကောင်စီက ပြန်လည် ပြင်ဆင်ပြဌာန်းလိုက်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ…

ကျိုက်ထီးရိုး ဘုရားဖူးလာသူတွေအတွက် အခမဲ့ အစီအစဉ်တွေ စီစဉ်ထားပေမယ့် လာရောက်သူ မရှိသလောက် နည်းပါး

ကျိုက်ထို၊ နိုဝင်ဘာ (၄)နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မွန်ပြည်နယ်၊ ကျိုက်ထီးရိုးစေတီမှာ ဘုရားဖူးဧည့် သည်တွေ ပြန်လည် စည်းကားဖို့အတွက် အခမဲ့ အစီအစဉ်တွေ စီစဉ်ထားပေမယ့် လာရောက်သူ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံတွေနဲ့ ဈေးသည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးဘုရားကို…

မွန်ပြည်နယ် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပြန်အေးနေ

မော်လမြိုင်၊ နိုဝင်ဘာ (၄) ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာတဲ့အတွက် မွန်ပြည်နယ် အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ် ပြန်အေးနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အမေရိကန် တစ်ဒေါ်လာကို ကျပ် ၄၀၀၀ ကျော်၊ အခေါက်ရွှေ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားပြီးနောက် အိမ်ခြံမြေတွေအပေါ် ဝယ်ယူစုဆောင်းမှု…