November 2022

စစ်အာဏာသိမ်း (၆၄၂) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၁၃ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၅) AAPP ရဲ့ နိုဝင်ဘာလ (၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၂)ရက်အတွင်း ပြည်သူ (၂၄၁၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၀၈၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မှောင်ခိုဈေးကွက် ပိုမို ကြီးထွားပြီး ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်

မော်လမြိုင်၊ နိုဝင်ဘာ (၅) အာဏာသိမ်း စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးတွေမှာ ပို့ကုန်ဝင်ငွေ တင်ပြနိုင်မှ သွင်းကုန်ခွင့်ပြုပေးမယ်ဆိုတဲ့ ညွန်ကြားချက်ကြောင့် မှောင်ခိုဈေးကွက် ပိုမို ကြီးထွားပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ဒေသက သွင်းကုန်ပစ္စည်း တင်သွင်တဲ့နေရာမှာ တဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့ခြင်းကနေ ရရှိတဲ့ ဝင်ငွေ ပြသပြီးမှ တင်းသွင်းရမယ်လို့ စစ်ကောင်စီ…

သထုံမြို့နယ်က စစ်ကောင်စီ ဝီယော်စခန်း တိုက်ခိုက်ခံရ

သထုံ၊ နိုဝင်ဘာ (၅) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခမရ(၉)တပ်ရင်း လက် အောက်ခံ ဝီယော်စခန်းကို နိုဝင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကောင်စီ ဝီယော်စခန်းကို KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီလက် အောက်ရှိ…

မွန်ပြည်နယ်မှာ ရော်ဘာဈေးနှုန်း ကျဆင်းလာတာကြောင့် တောင်သူတွေ အခက်ကြုံနေရ

မော်လမြိုင်၊ နိုဝင်ဘာ (၅) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစုကုန်ပစ္စည်းတွေ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့အချိန် ရော်ဘာဈေးနှုန်း ကျဆင်းလာတာကြောင့် အခက်ကြုံနေရတယ်လို့ ရော်ဘာခြံရှင်တွေက သံလွင်းတိုင်းမ်ကို ပြောပါတယ်။ ရော်ဘာဈေးနှုန်းဟာ ရာသီအစဖြစ်တဲ့ အောက်တိုဘာ ပထမအပတ်အတွင်း ရော်ဘာ တစ်ပေါင် ၁၄၅၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပေမယ့် နိုဝင်ဘာ ၄ ရက်နေ့မှာတော့ တစ်ပေါင်ကို ကျပ်…

အာဏာသိမ်းကာလအတွင်း အမျိုးသမီး သေဆုံးမှု ၃၄၀ ကျော်အထိ ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ (၅) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ် အောက်တိုဘာလကုန်ထိ အမျိုးသမီး ၃၄၄ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂနဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ အဆိုအရ အာဏာသိမ်းကာလအတွင်း အမျိုးသမီး ၂၆၃၀ ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက အမျိုးသမီး…

ဖလံတောင်တိုက်နယ်ဆေးရုံ လက်နက်ကြီး ပစ်ခတ်ခံရလို့ လူနာတွေကို အရေးပေါ်ပြောင်းရွှေ့ထားရ

ဘားအံ၊ နိုဝင်ဘာ (၅) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဟတ်တလိုက်ကျေးရွာအုပ်စုရှိ ဖလံတောင်တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် လူနာတွေကို အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီ စကခ(၈) လက်အောက်ခံ ခမရ (၄၀၈) တပ်စခန်း(ကမမောင်း)ကနေ ဖလံတောင်တိုက်နယ်ဆေးရုံကို လက်နက်ကြီး…

မော်လမြိုင် ခြစ်သူများ ခေါင်းစဉ်နဲ့ ပန်းချီပြပွဲ ကျင်းပမယ်

မော်လမြိုင် – နိုဝင်ဘာ(၄) မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပန်းချီဆရာတွေ စုပေါင်းပြီး မော်လမြိုင် ခြစ်သူများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပထမအကြိမ် ပုံကြမ်း ပန်းချီပြပွဲ ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပန်းချီပြပွဲလုပ်တာဟာ မြို့အတွင်းက ပန်းချီဝါသနာပါတဲ့သူတွေက မော်လမြိုင်မြို့ရဲ့ ရှု့ခင်း အလှအပတွေနဲ့ အထင်ကရ နေရာတွေကို အမှတ်တရ ရှိစေဖို့နဲ့ ဒေသတွင်းက ပြည်သူတွေ…

စစ်ကောင်စီက အောက်တိုဘာလထဲမှာ ပြည်သူပိုင်အိမ် (၁၅၅၀)ကျော်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင်- နိုဝင်ဘာ(၄) အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးက ပြည်သူပိုင်နေအိမ် အလုံး(၁၅၅၀) ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတင်မဟုတ်ဘဲ ပြည်သူ တွေကိုဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကိုင်း၊မကွေး၊ချင်း၊မွန်၊ရှမ်း၊ရခိုင်၊ပဲခူးနဲ့ တနင်္သာရီတိုင်း ထဲက ပြည်သူတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားတာပါ။ စစ်ကောင်စီရဲ့…

ညောင်ဦးမြို့နယ်် ငါ့သရောက်မြို့ ရပ်ကွက်ကို PDF မီးရှို့တယ်လို့ စစ်ကောင်စီနောက်လိုက်တွေ ဗြောင်လိမ်

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့ကို နိုဝင်ဘာလ ၁ ရက်နေ့ အကြမ်းဖက်သမားများမှ…