November 2022

KNU ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် လက်နက်ချ အဖမ်းခံ

ကော်သူးလေ ၊ နိုဝင်ဘာ (၈) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အောက်တိုဘာလ တစ်လတာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် လက်နက်ချ အဖမ်းခံခဲ့ပြီး တပ်သား ၁ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေမှာ တစ်လအတွင်း KNLA KNDO တပ်နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား…

ထားဝယ်မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပစ်သတ်ခံရ

ထားဝယ်၊ နိုဝင်ဘာ (၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ မြို့ပတ်လမ်း ညောင်ပင်ကြီးနားမှာ နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်းတိုင်မ်ကို ပြောပါတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ ဦးမင်းထွေးကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သူရဲ့ ကိုယ်ပိုင်ကားပေါ်မှာ သေနတ်နဲ့…

စစ်အာဏာသိမ်း (၆၄၅) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၂၀ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၈) AAPP ရဲ့ နိုဝင်ဘာလ (၇) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၅)ရက်အတွင်း ပြည်သူ (၂၄၂၀)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၀၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

လုံခြုံရေး အခြေအနေကြောင့် ရေးဒေသခံတွေ လုပ်ငန်းခွင်ဝင်ဖို့ အခက်ကြုံနေရ

ရေး၊ နိုဝင်ဘာ (၈) မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ နယ်မြေမတည်ငြိမ်တာအပြင် လုံခြုံရေး အခြေအနေတွေကြောင့် လုပ်ငန်း ခွင်ဝင်ဖို့ အခက်ကြုံနေရတယ်လို့ ရေးဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်ဟာ ရော်ဘာ၊ စပါး၊ ကွမ်းသီးအပါအဝင် ဥယျာဉ်ခြံလုပ်ငန်းတွေကို အဓိက လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ…

KNU ထိန်းချုပ်နယ်မြေမှာ တစ်လအတွင်း အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၀၀ နီးပါး ဖမ်းဆီးခံရ

ကော်သူးလေ၊ နိုဝင်ဘာ (၈) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ရဟန်းကိုရင်အပါအဝင် ဒေသခံအရပ်သား(၁၃)ဦး သေဆုံးပြီး အရပ်သား(၂၀၀)နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ BGF တပ်တို့က နေ့စဉ် စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အတွက် KNLA…

တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ကိုင်သူတွေ လိုင်စင်လုပ်ဖို့ စစ်ကောင်စီ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖိအားပေး

ရန်ကုန်၊ နိုဝင်ဘာ (၈) မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရယူထားတာမရှိတဲ့ ဟွန်ဒီငွေလွှဲလုပ် ငန်း ဆောင်ရွက်သူတွေအနေနဲ့ တရားဝင်လိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်ဖို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဖိအားပေးလာတာ ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသက တာချီလိတ်မြို့နဲ့ မူဆယ်မြို့တို့ရှိ လုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို…

လောင်းလုံးမြို့နယ်က PDF စခန်းတစ်ခု သိမ်းဆည်းခံရ

လောင်းလုံး၊ နိုဝင်ဘာ (၈) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သဲပုံရွာအနီးက LLPDF စခန်းတစ်ခုကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးသွားသလို လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းအချို့သိမ်းဆည်းခံလိုက်ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ လောင်းလုံး PDF တပ်စခန်းတစ်ခုကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က တပ်အင်အား ၁၀၀ကျော်နဲ့ စစ်ကြောင်းဝင်ရောက်လာပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။ စခန်းထံ…

ဆားလင်းကြီးမြို့နယ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် (၁၁) လပြည့်အထိမ်းအမှတ်ပြုလုပ်

ဆားလင်းကြီး – နိုဝင်ဘာ(၇) စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် (၁၁) လပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တွေက အလေးပြုတာနဲ့ ဝမ်းနည်းခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြပါတယ်။ ဓာတ်ပုံ – CJ

ရေးမြို့နယ်မှာ ဆိုင်ကယ်နဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ကို လည်ပင်းထိုးသွင်း ဒဏ်ရာတွေနဲ့ ပြန်တွေ့

ရေး – နိုဝင်ဘာ(၇) မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နဲ့အတူပျောက်ဆုံးနေတဲ့ အသက် (၁၆) နှစ်အရွယ်အမျိုးသမီးငယ်ကို လည်ပင်ထိုးသွင်း ဒဏ်ရာတွေနဲ့ လမ်းဘေးခြုံကြားတစ်နေရာမှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၆) ရက်နေ့ ညနေပိုင်းက နှစ်ကရင်ကျေးရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်ခင် သုဿာန်အနီးက ခြုံကြားမှာ မဖူးပွင့်ကဗျာကို လည်ပင်းထိုးသွင်းဒဏ်ရာ (၅)…