November 2022

စစ်အာဏာသိမ်း (၆၄၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၄၂၈ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၀) AAPP ရဲ့ နိုဝင်ဘာလ (၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၇)ရက်အတွင်း ပြည်သူ (၂၄၂၈)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၂၉ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရန်ကုန်က SME လုပ်ငန်းတွေ ထပ်မံ ရပ်နားရဖို့ ရှိလာ

ရန်ကုန်၊ နိုဝင်ဘာ (၁၀) မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်မှု ပိုမိုဆိုးဝါးလာတဲ့အတွက် အသေးစား၊ အလတ်စား SME လုပ်ငန်းအများစု ထပ်မံရပ်နားရမယ့် အခြေအနေနဲ့ ရင်ဆိုင်လာရတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရန်ကုန်မှာ အခုရက်ပိုင်းတွေအတွင်း လျှပ်စစ်မီးပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပေါ်လာသလို လျှပ်စစ်မီးပြတ် တစ်ခါပြတ်ရင်လည်း အချိန် ၄နာရီကနေ ၅နာရီအထိ…

အချက်အလက်နဲ့ မကိုက်ညီတဲ့ ဆင်းမ်ကဒ်တွေကို ပိတ်သိမ်းမယ်လို့ စစ်ကောင်စီ ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ (၁၀) လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့မကိုက်ညီတဲ့ ဖုန်းဆင်းမ်ကဒ်တွေကို ပိတ်သိမ်းသွားမယ်လို့ အာဏာသိမ်း စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဖုန်းဆင်းမ်ကဒ် အသုံးပြုသူတွေအနေနဲ့ မှတ်ပုံတင်ချိန်က ဖြည့်ထားတဲ့ သုံးစွဲသူနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေကို လဝကရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး လွဲနေတဲ့ နံပါတ်တွေကို ပိတ်သိမ်းသွားမယ်လို့ ဆိုပါတယ်ဒါကြောင့် ဖုန်းဆင်းမ်ကဒ်သုံးစွဲသူတွေအနေနဲ့ လာမယ့် ၂၀၂၃…

တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာ

တနင်္သာရီ၊ နိုဝင်ဘာ (၁၀) တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် မြို့နယ်တိုင်းလိုလိုမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တနင်္သာရီတိုင်းကို ထိန်းချုပ်ဖို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလအ လယ်ကစပြီး ထားဝယ်၊ ရေဖြူ ၊ သရက်ချောင်း၊ ပုလော၊ လောင်းလုံး၊…

သထုံမြို့နယ်က စစ်ကောင်စီ ကြာပန်းစစ်ဆေးရေးဂိတ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ

သထုံ၊ နိုဝင်ဘာ (၁၀) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာ ရွှေသံလွင်တိုးဂိတ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ နိုဝင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဌာနဆိုင်ရာ အဖွဲ့စုံရှိတဲ့ စစ်ကောင်စီကြာပန်း စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ လာရောက်…

စာရေးဆရာ အကြည်တော် ကွယ်လွန်

ရန်ကုန် – နိုဝင်ဘာ(၉) စာရေးဆရာ အကြည်တော် ဟာ ဒီနေ့ နိုဝင်ဘာလ(၉) ရက်နေ့ ည(၈)နာရီခွဲအချိန် ပင်လုံဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စာရေးဆရာအကြည်တော်ဟာ လည်ချောင်းနဲ့ လည်ပြွန်ကြားမှာ ကင်ဆာဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံ မှာဆေးကုသမှုခံယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ တာပါ။ အကြည်တော်ဟာ အဖဦးထွန်းနိုင် နဲ့ အမိဒေါ်ယုနွယ်တို့ရဲ့…

ထီးလင်းမှာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို စစ်ကောင်စီ လမ်းပြအဖြစ်အသုံးပြုနေ

ထီးလင်း – နိုဝင်ဘာ(၉) မကွေးတိုင်း ထီးလင်းမြို့မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို အကြောင်းမရှိအကြောင်း ရှာပြီး ဆက်တိုက်ဖမ်းဆီးနေသလို ဖမ်းဆီးခံရသူတွေကိုလည်း စစ်ကြောင်းထိုးချိန်မှာ လမ်းပြ အဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ စစ်ကောင်စီဟာ ပြည်သူတွေကို ဖမ်းဆီးခဲ့ပြီးနောက် ရဲစခန်းမှာ ချုပ်နှောင်ထား တာမရှိဘဲ စစ်ကြောင်းထိုးချိန်မှာ လမ်းပြအဖြစ်ခေါ်ဆောင်တာတွေလုပ်ဆောင်နေတာပါ။ “ဒီလထဲမှာပဲခြောက်ဦးရှိနေပြီ။ လေးဦးကို စခန်းမှာမတွေ့ရဘူး။ စစ်ကြောင်းထိုး…

YBS (၆၁) ယာဉ်လိုင်းပေါ်မှာ လုယက်ခဲ့သူတွေကို ဖမ်းမိ

ရန်ကုန် – နိုဝင်ဘာ(၉) ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် သမိုင်းစျေးဘူတာရုံလမ်းမှာ YBS (၆၁) ကားပေါ်တက်ပြီး ခရီးသည် တွေကို သံတုတ်နဲ့ ရိုက်ကာ ဖုန်းလုယူခဲ့တဲ့အတွက်ကို ဒီနေ့ နိုဝင်ဘာလ(၉) ရက်နေ့က ဖမ်းဆီးရမိခဲ့ တယ်လို့ ရန်ကုန်တိုင်းဒေသကြီးမြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTA) က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇) ရက်နေ့ ညနေပိုင်းက သံတုတ်တွေကိုင်ထားတဲ့ လူတစ်စုဟာ…

စစ်လေယာဉ်ဝယ်ပေးတဲ့ အဝယ်တော်တွေကို အမေရိကန်ပိတ်ဆို့အရေးယူ

ဝါရှင်တန် – နိုဝင်ဘာ(၉) အာဏာသိမ်းစစ်ကောင်စီကို စစ်လေယာဉ်တွေ ဝယ်ယူပေးနေတဲ့ အဝယ်တော်တွေကို အမေရိကန် နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာလ(၈) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီကို စစ်ဘက်သုံးလေယာဉ် တွေဝယ်ယူပေးနေတဲ့ Sky Aviator Company Limited နဲ့ ကုမ္ပဏီဒါရိုက်တာဖြစ်သူ ကျော်မင်းဦး ကို…

ဘုရားဖူးတွေကို PDF တွေ မနှောက်ယှက်ပါ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန်၊အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတုသတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” မုံရွာမြို့၊ ကျောက္ကာရွှေဂူနီဘုရား မုခ်ဦးရှေ့၌ ပြည်သူများဘုရားလာဖူးရင် ပစ်သတ်မယ်ဆိုပြီး လက်နက်ကိုင် ခြိမ်းခြောက်” ဆိုတဲ့ အကြောင်းအရာကို…