စစ်တပ်အာဏာသိမ်းပြီးတဲ့ (၂) နှစ်နီးပါးအတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အပြည့်အဝပေးတာမရှိတော့
မော်လမြိုင်၊ နိုဝင်ဘာ (၁၃) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်(၂) နှစ်နီးပါးအတွင်း ဌာနဆိုင်ရာတွေဟာ ပြည်သူတွေကို ပေးရမယ့် ဝန်ဆောင်မှုတွေကို အပြည့်အဝပေးတာမရှိတော့ဘူးလို့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတွေဟာ ပြည်သူတွေကို ပုံမှန်ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းတွေဖြစ်တဲ့ လျှပ်စစ်မီးဖြန့်ဝေတာ၊ ရေပေးဝေတာနဲ့ အမှုအခင်းပြဿနာတွေကိုတောင် ဖြေရှင်းပေးတာမရှိတော့တဲ့ အခြေအနေဖြစ်နေတာပါ။ သူတို့တွေဟာ လုံခြုံရေးအကြောင်းပြပြီး ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဆောင်ရွက် ပေးတာမရှိတော့သလို…