ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံနဲ့ ဆက်သွယ်မေးမြန်းချက်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘလက်ဒိုကျေးရွာထဲကို စစ်ကောင်စီ တပ်က ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် စစ်ကောင်စီဘက်က လာရောက် ဗုံးကြဲသွားတဲ့ အခြေအနေ၊ထိခိုက်ပျက်စီးမှုနဲ့ လတ်တလော ကာလမှာ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ရဲ့ နှစ်ဖက် စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး…