November 2022

ကျိုက်မရော ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး အရေးပေါ် ဆင်းသက် ပြုပြင်နေရ

ကျိုက်မရော၊ နိုဝင်ဘာ (၁၅) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အသုံးပြုခဲ့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဟာ စက်ချို့ယွင်းသွားတဲ့အတွက် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ပြုပြင်နေရတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီရဲ့ Mi 35 စစ်ရဟတ်ယာဉ်တစ်စီးဟာ ချောင်းနှစ်ခွရဲစခန်းပစ်ခတ်မှုမှာ စက်ချို့ယွင်းသွားတဲ့အတွက် မုဒုမြို့ရှိ ဂေါက်ကွင်းထဲကို အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။…

လောင်းလုံးမြို့နယ်က ကျောင်းထိုင်ဆရာတော် အပါအဝင် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

လောင်းလုံး၊ နိုဝင်ဘာ (၁၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းကျေးရွာနဲ့ ညှင်မော်ကျေးရွာကြားရှိ ကြယ်တောင် ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင် ဆရာတော် အပါအဝင် ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၃ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောင်းထိုင်ဆရာတော် ဦးပညောဘာသ၊ လက်ထောက်ကျောင်းထိုင်ဆရာတော်၊ ကိုရင်တစ်ပါး၊…

ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ EAOs တွေနဲ့ သဘောတူညီချက်ရဖို့ စစ်ခေါင်းဆောင် မျှော်လင့်နေ

ရန်ကုန်၊ နိုဝင်ဘာ (၁၅) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လာမယ့် ဒီဇင်ဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်တစ်ခု ရရှိနိုင်မယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးနေပြီး လာရောက်ဆွေးနွေးတဲ့ အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် လျှောက်လှမ်းလိုတဲ့ သဘောထားတွေ တွေ့ရှိရတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့…

သထုံမြို့နယ်မှာ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့

သထုံ၊ နိုဝင်ဘာ (၁၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၈…

မော်လမြိုင်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့ ရဲတစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးသားသေဆုံး

မော်လမြိုင် – နိုဝင်ဘာ(၁၅) မွန်ပြည်နယ် မော်လမြိုင်မြို့က ဇေယျာ-၃ နယ်မြေထဲမှာ နိုဝင်ဘာလ(၁၄) ရက်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးချိန်မှာ ရဲ (၁) ဦးနဲ့ အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ SUMF ကသတင်းထုတ် ပြန် ထားပါတယ်။ မော်လမြိုင်မြို့အခြေစိုက် Special Underground Movement Force (အထူးမြေအောက်လှုပ် ရှားမှုအင်အားစု) အဖွဲ့ဝင်…

မြန်မာ့အရေးကို အာဆီယံနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့အသင့်ရှိတယ်လို့ NUG ဆို

မော်လမြိုင် – နိုဝင်ဘာ(၁၄) မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားပါတယ်။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ဖို့နဲ့ လုပ်ငန်းအကောင် အထည်ဖော်မှုကို အဆုံးအဖြတ်ပေးခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ…

ကျောက်ထုအမြောက်တပ်ကထွက်ပြေးသွားတဲ့ စစ်သားမိသားစုဝင်တွေကို မရှာပေးရင် ရွာတွေ မီးရှို့မယ်လို့ ခြိမ်းခြောက်ခံနေရ

ကျောက်ထု – နိုဝင်ဘာ(၁၄) မကွေးတိုင်း ကျောက်ထုမြို့မှာရှိတဲ့ စစ်ကောင်စီအမြောက်တပ်က ထွက်ပြေးသွားတဲ့ စစ်သား တွေရဲ့သား(၄)ဦးကို ဒေသခံတွေမရှာပေးရင် ရွာတွေကို မီးရှို့မယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက် နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၂) ရက်နေ့က သူတို့(၄)ဦးဟာ တပ်တွင်းမနေလိုတော့တဲ့အတွက် ထွက်ပြေး ခဲ့ကြတာဖြစ်ပြီး ဘယ်ကိုရောက်နေတယ်ဆိုတာ တိတိကျကျမသိရဘူးလို့ ဆိုကြပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ထုမြို့နယ်…

မော်လမြိုင်မြို့ပေါ်မှာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေ

မော်လမြိုင်၊ နိုဝင်ဘာ (၁၄) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်ကစပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇေယျာသီရိရပ်ကွက်က နေအိမ်တစ်လုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက လာရောက်စီးနင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အဲဒီပစ်ခတ်မှုမှာ…

မန်ယူအသင်းမှာ သစ္စာဖောက်ခံရတယ်လို့ စီရော်နယ်လ်ဒို ပြော

မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၄) ရက်မန်ယူအသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက မန်ယူအသင်းမှာ သစ္စာဖောက်ခံရကြောင်းနဲ့ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တယ်လို့ ပီယာ့စ်မော်ဂန်နဲ့ သီးသန့်တွေ့ဆုံတဲ့ အင်တာဗျူး အစီအစဉ်မှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ထုတ်ဖော်ပြောဆိုသွားတာပါ။ စီရော်နယ်လ်ဒိုက မန်ယူအသင်းမှာ…