November 2022

အာဆင်နယ်အသင်းမှာ ကစားလိုတယ်လို့ ယူကရိန်းကြယ်ပွင့် မူဒရစ်ခ် ဖွင့်ဟ

မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၅)ရက် ရှက်တာဒိုးနက်အသင်းနဲ့ ယူကရိန်းလက်ရွေးစင် ကြယ်ပွင့် ကစားသမား မူဒရစ်ခ်က အာဆင်နယ်အသင်းမှာ လာရောက် ကစားလိုကြောင်း အင်တာဗျူး အစီအစဉ်တစ်ခုမှာ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ယူကရိန်းကြယ်ပွင့် တိုက်စစ်ကစားသမား မူဒရစ်ခ်ဟာ ဒီရာသီမှာ ရှက်တာဒိုးနက်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေသလို ပုံမှန်ပွဲထွက် ရရှိထားတာ ဖြစ်ပါတယ်။ မူဒရစ်ခ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းမှာ အရံအဖြစ် နေမလား…

အဆိုတော်စောဖိုးခွားကို စစ်ကောင်စီပြန်လည်ဖမ်းဆီး

ရန်ကုန် – နိုဝင်ဘာ(၁၅) အဆိုတော်စောဖိုးခွားကို စစ်ကောင်စီရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးသွားတယ်လို့ မိသားစု ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ဒီနေ့ ညနေပိုင်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားတာပါ။ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာသူ့ရဲ့နေအိမ်ကို ပြန်ရောက်သွားပေမယ့် အဆိုတော် စောဖိုးခွား ကတော့ အခုချိန်ထိအိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။ “ ဘာကိစ္စနဲ့ ပြန်ဖမ်းလဲတော့ မသိရသေးပါဘူး။…

စစ်ကောင်စီခြိမ်းခြောက်ထားတဲ့အတိုင်း ဆောက လက်ပန်းရွာကို မီးရှို့နေ

ဆော – နိုဝင်ဘာ(၁၅) မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့မှာရှိတဲ့ လက်ပန်းကျေးရွာ ကို စစ်ကောင်စီက သူတို့ ခြိမ်းခြောက်ထားတဲ့အတိုင်း မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၄) ရက်နေ့က ကျောက်ထုအမြောက်တပ်က ထွက်ပြေးသွားတဲ့ စစ်ကောင်စီ မိသားစုဝင်တွေကို ရှာပေးဖို့နဲ့ ရှာမပေးရင် ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ထားတဲ့အတိုင်း ဒီနေ့ မနက်ပိုင်းမှာ စတင်မီးရှို့နေတာပါ။ လက်ရှိမှာတော့ ရွာသားတချို့ဟာ…

ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ပြန်လွတ်လာ

ရန်ကုန်၊ နိုဝင်ဘာ (၁၅) ရန်ကုန်မြို့၊အင်းစိန်အကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒါရိုက်တာ မင်းထင် ကိုကိုကြီး(ခ) ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွား (ခ) စောအလန်စတီးတို့ဟာ ဒီနေ့ နံနက် ၁၀နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာပြီလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးကို စစ်တပ်က ပုဒ်မ ၅၀၅(ခ)နဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်မှာ အလုပ်ကြမ်း…

G 20 ဆွေးနွေးပွဲမှာ အဓိကပြဿနာတွေအတွက် ဘုံသဘောတူညီချက်တွေရဖို့ စင်ကာပူ ဝန်ကြီးချုပ်မျှော်လင့်

စင်ကာပူ၊ နိုဝင်ဘာ (၁၅) ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့စီးပွားရေး၊ လုံခြုံရေး၊ ရုရှားနဲ့ ယူကရိန်းအကြား ပဋိပက္ခတွေဟာ G 20 ထိပ်သီး အစည်းအဝေးအတွက် ခက်ခဲတဲ့ ကိစ္စတွေဖြစ်တယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နိုဝင်ဘာလ ၁၄ ရက်နေ့ (တနင်္လာနေ့)မှာ ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီအကြောင်းအရာတွေဟာ G20 အတွက် အရေးပါတဲ့ ကိစ္စရပ်တွေဖြစ်ပြီး အလုံးစုံ အောင်မြင်မှုရရှိဖို့…

အာဆီယံဗဟိုဘဏ်ငါးခုက နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

ဘာလီ – နိုဝင်ဘာ(၁၅) အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးမတိုင်ခင် ဒေသတွင်း နယ်စပ်ဖြတ် ကျော်ငွေပေးချေမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အရှေ့တောင်အာရှမှာရှိတဲ့ ဗဟိုဘဏ်(၅) ခုက နိုဝင်ဘာလ(၁၄) ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားမှာ အင်ဒိုနီးရှားဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ပယ်ရီဝါဂျီယိုက ဒေသတွင်းဆက်သွယ်မှုမြန်ဆန်တဲ့(QR) ကုဒ်ကိုအသုံးပြုပြီး လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုခဲ့ ပါတယ်။ လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ရဲ့ QR ကုဒ်ကိုအသုံးပြုပြီး ငွေပေးချမှုစနစ်ကို…

ထိုင်းဝန်ကြီးချုပ်ရာထူးအတွက် စစ်တမ်းတစ်ခုမှာ သက်ဆင်သမီး ဦးဆောင်နေ

ဘန်ကောက် – နိုဝင်ဘာ(၁၅) ထိုင်းနိုင်ငံမှာ လတ်တလောကောက်ခံနေတဲ့ စစ်တမ်းအရ မဲပေးသူတွေရဲ့ ရွေးချယ်မှုမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့ သမီးဖြစ်သူ ဖယ်တုံတန် ရှင်နာဝါထရာ ကထပ်ဆုံးမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။ ဒီစစ်တမ်းကို ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအင်စတီကျူက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းစာရင်းမှာ မစ္စဖယ်တုံတန်၊ဒုတိယနေရာမှာ Move Forward ပါတီခေါင်းဆောင်ရှိနေပြီး လက်ရှိဝန်ကြီးချုပ် ပရရွတ်ချန်အိုချာကတော့ တတိယနေရာမှာ ရှိနေ…

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဒေါက်တာ ပညာမွန်နဲ့ ဆက်သွယ်မေးမြန်းချက်

မွန်နိုင်ငံရေးပါတီတွေထဲမှာ လူထုထောက်ခံမှု ရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီ(MUP)ဟာ စစ်တပ် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ကလည်း မွန်ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားကနေ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးနေတာပါ။ ဒါကြောင့် အာဏာသိမ်း စစ်အုပ်စုကို ပြည်သူတစ်ရပ်လုံး လက်မခံကြောင်း ပြသနေတဲ့အချိန် မွန်နိုင်ငံရေး ဦးဆောင်တဲ့ မြေပေါ်ပါတီ မွန်ညွတ်ညီရေးပါတီ(MUP) နဲ့…

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ညောင်လေးပင် ဒေသခံ ၂၀,၀၀၀ ကျော် ထပ်မံထွက်ပြေးနေရ

မော်လမြိုင်၊ နိုဝင်ဘာ (၁၅) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူ လူထုအပေါ် ပစ်မှတ်ထားပြီး နှစ်ရက်ဆက်တိုက် လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၂၀,၀၀၀ ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ပြောပါတယ်။ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲက စစ်ကောင်စီရဲ့ သံဆိပ်၊ တုံးတံတားနဲ့ ဘောကထာ တပ်စခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

စစ်အာဏာသိမ်း (၆၅၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၄၅၁ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၅) AAPP ရဲ့ နိုဝင်ဘာလ (၁၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၂)ရက်အတွင်း ပြည်သူ (၂၄၅၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၇၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…