November 2022

မင်္ဂလာဒုံမြို့နယ်က အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ခြိမ်းခြောက်ပြီး အတင်းအဓမ္မဖယ်ရှားခိုင်း

ရန်ကုန်၊ နိုဝင်ဘာ (၁၅) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာပါဝင်တဲ့ ကျေးရွာငါးခုက အိမ် ထောင်စု တစ်သောင်းကျော်ကို စစ်တပ်က ဖယ်ရှားပေးဖို့ အတင်းအဓမ္မ ဖိအားပေးလာတာကြောင့် ဒေသခံတွေ အခက်ကြုံတွေ့နေရပါတယ်။ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စုက စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီ၊ ဓမ္မပါလ၊ မြဝတီစတဲ့ရပ်ကွက်ငါးခုက အိမ်ထောင်စု တစ်သောင်းကျော်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၈ရက်နေ့မှာ ပြောင်းရွေ့ဖို့ ဖိအားပေး…

တနင်္သာရီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ

တနင်္သာရီ၊ နိုဝင်ဘာ (၁၆) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မော်တုန်းကျေးရွာနဲ့ ဗောဓိကမ်းကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) က ထုတ်ပြန်ပါတယ်။ မော်တုန်းကျေးရွာ အနောက်ဘက်ကမ်းကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့…

KNU တပ်မဟာ(၆)က သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီ ဗုံးကြဲ၊ တရုတ်နိုင်ငံသားတွေ အပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး

ဘုရားသုံးဆူ၊ နိုဝင်ဘာ ၁၆ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ(၁၆)ရက်နေ့ မနက်(၁)နာရီကျော်အချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီတပ်က ဖိုက်တာဂျက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို…

စစ်အာဏာသိမ်း (၆၅၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၄၆၃ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) AAPP ရဲ့ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၃)ရက်အတွင်း ပြည်သူ (၂၄၆၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၉၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မွန်ပြည်နယ်က စပါးစိုက်တောင်သူတွေ အာဏာသိမ်းမှုကြောင့် နာလန်မထူနိုင်တော့

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေဟာ အခုနှစ် မိုးစပါးရိတ်သိမ်းရာသီမှာ စပါးအထွက်နှုန်း လျော့ကျလာမှုနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတဲ့အတွက် နာလန်မထူနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေဟာ သံလွင်တိုင်းမ်ကို ပြောပါတယ်။ စပါးစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်အားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး အပါအဝင် စက်သုံးဆီဈေးနှုန်း…

မွန်ဝန်ကြီးချုပ် ရွေးကောက်ပွဲအမှု ချေဖျက်အယူခံ ပ လပ်ခံရ

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် အာဏာသိမ်း စစ်ကောင်စီက တရားစွဲထားတဲ့ ရွေး ကောက်ပွဲ မလျော်သြဇာ သုံးမှုတွေအတွက် ချေဖျက်ပေးဖို့ ပြည်နယ်တရားလွှတ်တော်ကို အယူခံ လျှောက်တင်ခဲ့ပေမယ့် ပ လပ်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့…

စစ်ကောင်စီက အငြိုးအတေးထားပြီး စစ်ရေးအရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာရတာလို့ KNU ပြော

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်အမျိုးသားအစည်းအရုံး(KNU)အနေနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အပေါ်မှာ စစ်ကောင်စီက အငြိုးတကြီးထားပြီး စစ်ရေး အရှိန်မြှင့်တင်လာတဲ့အတွက် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာရတာလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။ KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ပြီးခဲ့တဲ့ (၂၀၂၁)ခုနှစ် တစ်နှစ်တာကာလအတွင်း ကရင်အမျို းသားလွတ်မြောက်ရေး တပ်မတော် KNLA ၊…

မော်လမြိုင်မှာ PDF ရဲဘော်တွေ ဖမ်းဆီးခံရတာဟာ ဒလန်သတင်းပေးမှုကြောင့်လို့ ဆို

မော်လမြိုင်၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ဇေယျာသီရိရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်တွေ ဖမ်းဆီးခံရတာဟာ ဒလန်သတင်းပေးမှုကြောင့်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်လောက်က ဇေယျာသီရိ (၃)လမ်းထိပ်ရှိ တန်းလျားတစ်ခုမှာ PDF ရဲဘော်တွေ…

ရေးနဲ့ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ

ရေး၊ နိုဝင်ဘာ (၁၆) မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ကျိုက်ထိုမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခမရ…