November 2022

ရေဖြူမြို့နယ်မှာ တပ်အင်အား အလုံးအရင်းနဲ့ စစ်ကောင်စီ စစ်ကြောင်း ထပ်ထိုးလာ

ရေဖြူ၊ နိုဝင်ဘာ (၁၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလုံထာကျေးရွာဘက်ကို နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တပ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်း ထပ်ထိုးလာတယ်လို့ ဒေသပြည်သူ့ကာ ကွယ်ရေးတပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေဖြူဘက်က ဆင်းလာတဲ့ တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ်ထင်တဲ့ နေရာတွေကို…

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ပြောင်းပေမယ့် မြန်မာ့ပြဿနာ ရေစုန်မျှောနေဦးမယ်လို့ သုံးသပ်သူတွေ ပြော

ရန်ကုန်၊ နိုဝင်ဘာ(၁၇) အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံကို ပြောင်းလဲခန့်အပ်လိုက်ပေမယ့် စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့ပြဿာနာဟာ ရေစုန်မျှောနေဦးမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ အရင် အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံထက် အာဆီယံဥက္ကဋ္ဌသစ် အင်ဒိုနီးရှားနိုင်ငံရဲ့ ဆောင်ရွက်မှုဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပိုမို ရှင်းလင်းပြတ်သားတဲ့ သဘောထားတွေ ဖော်ဆောင်လာနိုင်ပေမယ့် အာဆီယံအဖွဲ့တစ်ခုလုံးအနေနဲ့ လွှမ်းခြုံပြီး ဦးဆောင်မှုပေးနိုင်ဖို့ မလွယ်ဘူးလို့ ဆိုကြပါတယ်။…

သထုံမြို့နယ်မှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည် ပစ်ခတ်နေ

သထုံ၊ နိုဝင်ဘာ (၁၇) စစ်ကောင်စီ ဒုတပ်ရင်းမှူး တိုက်ခိုက်ခံရတာကြောင့် သေဆုံးပြီးနောက် မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က သံချပ်ကားယာဉ်တန်းနဲ့ လှည့်လည်ပြီး ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၆ မနက်ပိုင်းကစပြီး သထုံမြို့နယ်အတွင်းမှာ သံချပ်ကားတွေ အပါ အဝင် ကား ၁၃ စီးပါယာဉ်တန်းနဲ့ လှည့်လည် ပစ်ခတ်တာတွေ…

မန္တလေးမှာ ခရစ္စမတ်ပျော်ပွဲရွှင်ပွဲမလုပ်ကြဖို့ မန္တလေးကက်သလစ်ဂိုဏ်ချုပ်ဆရာတော် ညွှန်ကြား

မန္တလေး – နိုဝင်ဘာ(၁၆) မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက ကက်သလစ်ဘာသာဝင်တွေနဲ့ ဓမ္မမိတ်ဆွေတွေကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို စာနာထောက်ထားမျှဝေခံစားတဲ့အနေနဲ့ ခရစ္စမတ် ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ် ကြဖို့ မန္တလေး ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်က ညွှန်ကြားလိုက်ပါတယ်။ မန္တလေးကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ်သာသနာအတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင် တွေသာသနာ့အကျိုးတော်ဆောင်တွေနဲ့ လူငယ်တွေကို ခရစ္စမတ်ပွဲတော်၊ နှစ်သစ်ကူးပွဲတွေနဲ့ ပတ်သက်ပြီး အခုလို အသိပေးလိုက်တာပါ။ ခရစ္စမတ်ကယ်ရယ်သီချင်းသီဆိုတာနဲ့ ခရစ္စမတ်ဓမ္မတေးသီးချင်းတွေကို အသံချဲ့စက်(Sound-box) တွေနဲ့ဖွင့်ပြီးပွဲခံတာ၊လူစုလူဝေးနဲ့…

ပြင်သစ်တိုက်စစ် ကစားသမား အန်ကွန်ကူ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်

မော်လမြိုင်၊ နိုဝင်ဘာ၊ (၁၆)ရက် ပြင်သစ်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်တော့မယ်လို့ ပြင်သစ်အသင်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အန်ကွန်ကူဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ ပြင်သစ်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ကွင်းလယ်လူ ကာမာဗင်ဂါနဲ့ ထိခိုက်မိပြီးနောက် ဘယ်ဘက်ဒူးဒဏ်ရာရရှိခဲ့တာပါ။ အန်ကွန်ကူရဲ့ ဘယ်ဘက်ဒူးဒဏ်ရာကို စစ်ဆေးမှုတွေ…

အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အပြုသဘောဆောင် တယ်လို့ NUG ပြော

မော်လမြိုင် – နိုဝင်ဘာ(၁၆) အာဆီယံထိပ်သီးအစည်းအဝေးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အတွက် အပြုသဘောဆောင်တဲ့ ရလဒ်ထွက်လာတာဟာ NUG နဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား တွေ ရဲ့ နိုင်ငံရေးစိတ်ဇော ထက်သန်ပြင်းပြမှုတွေကြောင့်ဖြစ်တယ်လို့ NUGယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောဆိုခဲ့တာပါ။ အာဆီယံအနေနဲ့…

ရုရှား-ယူကရိန်း ပဋိပက္ခကို သံတမန်ရေးအရ အဆုံးသတ်ဖို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ တောင်းဆို

နယူးဒေလီ၊ နိုဝင်ဘာ (၁၆) ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သံခင်းတမန်ခင်း ပြန်လည်စတင်လုပ်ဆောင်နိုင်ကြရန် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နိုဝင်ဘာ (၁၅) ရက်နေ့မှာတိုက်တွန်းခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အမြန်ဆုံးငြိမ်းချမ်းစေဖို့အတွက်လည်း တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယအနေနဲ့ မော်စကိုရဲ့ ယူကရိန်းအပေါ်ကျူးကျော်မှုကို ရှုတ်ချခြင်းမရှိပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင် ဘာလမှာ မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို “ယနေ့ခေတ်ဟာ စစ်ဖြစ်ရမယ့်ခေတ်မဟုတ်ဘူး” လို့ ပြောကြားခဲ့ဖူးပါတယ်။…

ရှာရီယာ ဥပဒေအတိုင်းအပြစ်ပေးဖို့ တာလီဘန်ခေါင်းဆောင်ညွှန်ကြား

ကဘူးလ် – နိုဝင်ဘာ(၁၆) အာဖဂန်နစ္စတန်နိုင်ငံမှာ တချို့သော ပြစ်မှုတွေအတွက် လူမြင်ကွင်းမှာ ကိုယ်လက်အင်္ဂါ ဖြတ် တောက်တာ၊ ကျောက်ခဲနဲ့ ပစ်ပေါက်တာတွေနဲ့ အပြစ်ပေးအရေးယူဖို့တရားသူကြီးတွေကို တာလီဘန်ခေါင်းဆောင် ဟိုက်ဘတ်တူလာ အခူဇာဒါက အမိန့်ပေးခဲ့ပါတယ်။ လုယက်မှု၊ပြန်ပေးဆွဲမှု၊ဆူပူအုံကြွမှုစတဲ့ ပြစ်မှုတွေကို အစ္စလာမ်ရှာရီယာ ဥပဒေနဲ့အညီ အပြစ်ပေးအရေးယူရမယ်လို့ ဆိုခဲ့တာပါ။ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာဏာရလာချိန်မှာ တာလီဘန်တို့က လူထုကို ကွပ်မျက်တာအပါအဝင်…

G-20 ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ကိုဗစ်ကူးစက်ခံထားရတာကြောင့် တက်ရောက်နိုင်မှာမဟုတ်

ဖနွမ်းပင် – နိုဝင်ဘာ(၁၆) ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဘာလီမှာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို ကိုဗစ်ကူးစက်ခံထားရတဲ့အတွက် တက်ရောက်နိုင်မှာမဟုတ်တော့ဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ရေးသားထားပါတယ်။ ဟွန်ဆန်ဟာ ပြင်သစ်သမ္မတ၊ တရုတ်ခေါင်းဆောင်တို့နဲ့ တွေ့ဆုံဖို့စီစဉ်ထားတဲ့ အစည်းအဝေးတွေ အပါအဝင် ဘယ်အစည်းအဝေးမှတက်ရောက်နိုင်မှာ မဟုတ်တာ့ဘူးလို့ဆိုထားတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၃) ရက်နေ့က အာဆီယံနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး ကိုကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့ပါသေးတယ်။…