November 2022

ပြည်သူ့နေအိမ်တွေ မီးရှို့တာ ပျူစောထီးနဲ့ စကစ တွေပါ

အမှန်/အမှား မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန် အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဝက်လက်မြိုနယ်၊ ထန်းကြီးကျေးရွာကို ဝက်လက် PDF မှ မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး…

၂၀၂၄ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ဝင်ပြိုင်မယ်

ဝါရှင်တန်၊ နိုဝင်ဘာ (၁၇) သမ္မတ ဒေါ်နယ်ထရန့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အလားအလာရှိတဲ့ ရီပတ်ဘလစ်ကန် ပြိုင်ဘက်တွေကို ဖယ်ထုတ်ပြီး၂၀၂၄ ခုနှစ်မှာ သမ္မတရာထူးပြန်လည်ရရှိဖို့ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ နိုဝင်ဘာ (၁၅) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်ရုပ်မြင်သံကြားကနေ တစ်နာရီကျော်ကြာ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ ထောက်ခံသူတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ မိန့်ခွန်းပြောတဲ့ အခမ်းအနားအပြင်အဆင်ကိုလည်း မီးတွေထိန်ထိန်လင်းလင်း အလှဆင်ထားပြီး အမေရိကန်…

အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်တို့ရဲ့ ဆွေးနွေးမှုမှာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး သဘော တူညီမှုရဖို့အခက်ကြုံနေ

ဘာလီ – နိုဝင်ဘာ(၁၇) အမေရိကန် သမ္မတနဲ့ တရုတ်ခေါင်းဆောင်တို့ရဲ့အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ဆုံမှုဟာ အပေါင်းလက္ခ ဏာဆောင်ခဲ့တဲ့အတွက် အလုံးစုံ အကျိုးဖြစ်ထွန်းစေခဲ့ပေမယ့် ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှုရရှိဖို့တော့ အခက်ကြုံနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၄) ရက်နေ့က တွေ့ဆုံမှုမှာ နှစ်ဖက်စလုံးက သူတို့ရဲ့ သဘောထားအမြင် တွေကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ G-20 ထိပ်သီးအစည်းအဝေးမတိုင်ခင် ခေါင်းဆောင်နှစ်ဦးရဲ့…

ရုရှားလုပ် ဒုံးကျည်ကြောင့် ပိုလန်မှာ လူနှစ်ဦးသေဆုံးခဲ့တဲ့အတွက် ကမ္ဘော့ခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေးကျင်းပ

ဘာလီ – နိုဝင်ဘာ(၁၇) အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ ရောက်ရှိနေတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေဟာ နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံမှာ ရုရှားလုပ် ဒုံးကျည်ကျရောက်ခဲ့တာ ကြောင့် လူနှစ်ဦးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးကျင်းပခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံနယ်စပ် အနောက်ဘက်(၆.၄) ကီလိုမီတာ အကွာက ပိုလန်ကျေးလက်ဒေသ အပြင် ဘက်ကို နိုဝင်ဘာလ(၁၅) ရက်နေ့က ဒုံးကျည်ကျရောက်ခဲ့ပြီး တစ်လကျော်အတွက်း ရုရှားနိုင်ငံ ကယူကရိန်းမြို့တွေကို…

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး ပြန်လည်လွတ်မြောက်

ရန်ကုန် – နိုဝင်ဘာ(၁၇) စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲက ဖမ်းဆီးခံခဲ့ရတဲ့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမြအေးကို ဒီနေ့ နိုဝင်ဘာလ(၁၇) ရက်နေ့မှာ အင်းစိန်အကျဉ်းထောင် ကနေပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့အထဲမှာ ဦးမြအေးပါဝင်တာပါ။ ဦးမြအေးရဲ့ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေနဲ့…

သထုံမြို့နယ်မှာ တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

သထုံ၊ နိုဝင်ဘာ (၁၇) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာနဲ့ ဝီယော်ကျေးရွာကြားမှာ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်မိုင်းထိတာကြောင့် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပိန္နဲတောကျေးရွာဘက်ကနေ ဝီယော်ကျေးရွာဘက်ကို တပ်အင်အား ၄၀…

မော်လမြိုင်မှာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ လုံခြုံရေး တိုးမြှင့်ထား

မော်လမြိုင်၊ နိုဝင်ဘာ (၁၇) မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရီရပ်ကွက်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်နေရာ အများစုမှာ လုံခြုံရေး တိုးမြှင့်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဇေယျာသီရိရပ်ကွက် နေအိမ်တစ်လုံးမှာ PDF ရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား…

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ မစ္စတာရှောင်တာနယ်အပါအဝင် နိုင်ငံခြားသား (၃) ဦးပြန်လွတ်လာ

ရန်ကုန် – နိုဝင်ဘာ(၁၇) အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်၊ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနဲ့ ဂျပန် မှတ်တမ်း ရုပ်ရှင်ဒါရိုက်တာ တိုရူကူဘိုတာတို့ ပါဝင်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေကို နိုင်ငံချင်းသံတမန်ဆက်ဆံရေး ကိုရှေ့ရှု့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တာလို့ ဆိုထားပါတယ်။ စစ်ကောင်စီဟာ ဒီနေ့နိုဝင်ဘာလ(၁၇) ရက်နေ့မှာ ကျရောက်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့…

စစ်အာဏာသိမ်း (၆၅၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၄၆၅ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၁၇) AAPP ရဲ့ နိုဝင်ဘာလ (၁၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၅၄)ရက်အတွင်း ပြည်သူ (၂၄၆၅)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၂၃၂ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၉၅) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်အဆင့်ထက် မပိုနိုင်ဘူးလို့ ဝေဖန်

မော်လမြိုင်၊ နိုဝင်ဘာ (၁၇) အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ စီစဉ်ထားတဲ့ လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာကို လှည့် စားဖို့နဲ့ နိုင်ငံရေး ထွက်ပေါက်ရဖို့ ကြိုးပမ်းမှုသာ ဖြစ်တဲ့အတွက်ကြောင့် အတုအယောင် အဆင့်ထက် မပိုနိုင်ဘူးလို့ နိုင်ငံရေးပါတီတချို့က ဝေဖန်လိုက်ပါတယ်။ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အချိန် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရဖို့ ရွေး…