ရန်ကုန်၊ နိုဝင်ဘာ (၂၈)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ (၈၁) ရပ်ကွက်၊ ရွှေလီ (၅) လမ်းက ရပ်ကွက်ဓမ္မာရုံမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က ဒီနေ့ နံနက် ၉ နာရီမှာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရုံးအဖွဲ့ဝင်( ၆ )ယောက်ဟာ ဓမ္မာရုံအတွင်းရှိနေစဉ်မှာ လူငယ်နှစ်ယောက်ကဆိုင်ကယ်တစ်စီးနဲ့ရောက်လာပြီး ဧည့်စာရင်းတိုင်ရန်အတွက်ဟုဆိုကာ ဓမ္မာရုံအတွင်းဝင်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့သိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ (၈၁) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းမှာ ဝမ်းဗိုက်၊ ဆီးခုံနဲ့ ဝဲပေါင်မှာ သေနတ်သုံးချက်ထိမှန်ဒဏ်ရာ၊ ရာအိမ်မှူး ဦးစန်းလှိုင်ဝင်းမှာ ဆီးခုံထိမှန်ဒဏ်ရာရခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်နိုင်သူကတော့ လက်မောင်းထိမှန်ဒဏ် ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ အခုထိ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.