ဝါရှင်တန် – နိုဝင်ဘာ(၂၇) 

အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ဆိုပြီး တရုတ်ပိုင် ဟွာဝေးနဲ့ ZTE ထုတ် တယ်လီ ဆက်သွယ်ရေးကိရိယာပစ္စည်းအသစ်တွေကို တင်သွင်းရောင်းချခွင့် ပိတ်ပင်လိုက်တယ်လို့ အမေရိကန်အစိုးရက ကြေငြာခဲ့ပါတယ်။ 

တရုတ်နိုင်ငံပိုင် စောင့်ကြည့်ရေးကိရိယာတွေ ထုတ်လုပ်တဲ့ Dahua Technology၊ Hangzhou Hikvision Digital Technology နဲ့Hytera ဆက်သွယ်ရေးတယ်လီကွန် လုပ်ငန်းစုက ထုတ်လုပ် တဲ့ ကိရိယာတွေကို ရောင်းချခွင့်၊တင်သွင်းခွင့် ကန့်သတ်လိုက်တဲ့ နောက်ဆုံးဥပဒေကို နိုဝင်ဘာလ (၂၅) ရက်နေ့က အမေရိကန်ပြည်ထောင်စု ဆက်သွယ်ရေးကဏ္ဍ ဖက်ဒရယ်ကော်မရှင်က အတည်ပြုပြဌာန်းခဲ့တာပါ။ 

အမေရိကန်နိုင်ငံသားတွေကို စုံစမ်းထောက်လှမ်းဖို့အတွက် တရုတ်အစိုးရက တရုတ်နည်းပညာ ကုမ္ပဏီတွေကို အသုံးပြုနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် တရုတ်နည်းပညာကုမ္ပဏီတွေကို အမေရိကန်အစိုးရက နောက်ဆုံးအကြိမ်ဖြိုချခဲ့တာဖြစ်ပါတယ်။ 

 “ယခု အသစ်ထုတ်ပြန်သော ဥပဒေများဟာ တယ်လီဆက်သွယ်ရေးများအပါအဝင် အမေရိကန် နိုင်ငံသားများကို လုံခြုံရေးခြိမ်း‌‌‌ခြောက်မှုများမှ ကာကွယ်နိုင်ဖို့အတွက် ကျွန်မတို့ရဲ့ လက်ရှိ ဆောင်ရွက်ချက်များအထဲက အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” လို့ အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေးကဏ္ဍဖက်ဒရယ်ကော်မရှင် FCC ဥက္ကဋ္ဌ ဂျက်ဆီကာ ရဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ 

ဟွာဝေးအနေနဲ့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ZTE Dahua Hikvision Hytera အစရှိတဲ့ ကုမ္ပဏီ တွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုတာကို တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။ 

FCC ဥက္ကဋ္ဌက ပြီးခဲ့တဲ့ လကလည်း အမေရိကန်ပြည်ထောင်စုကို ဆက်သွယ်ရေးကိရိယာပစ္စည်း အသစ်တွေ တင်သွင်းရောင်းချတဲ့ လုပ်ငန်းစုတွေနဲ့ တခြား ကော်မရှင်နာ (၃) ဦးကို ပိတ်ဆို့အရေး ယူမှုတွေ ပါဝင်တဲ့ အဆိုပြုမှုကို ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က FCC ရဲ့ စုစည်းစာရင်းတွေမှာ ပါဝင်တဲ့ ကုမ္ပဏီတွေရဲ့ ကိရိယာပစ္စည်း တင်သွင်းရောင်းချခွင့်တွေကို ပိတ်ဆို့အရေးယူဖို့အတွက် စဉ်းစားနေတယ်လို့ ဆိုထားပါတယ်။ 

အမေရိကန်ဆက်သွယ်ရေးကွန်ရက်တွေကို ကာကွယ်ဖို့အတွက် ၂၀၁၉ ဥပဒေအရ Huawei၊ ZTE၊ Hytera Communications Corp၊ Hikvision နဲ့ Dahua  တို့ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ပြီးခဲ့တဲ့ နှစ်မတ်လက သတ်မှတ်ပြီးနောက် ဒီတားမြစ်ျက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

တရုတ်အစိုးရက စုံစမ်းထောက်လှမ်းဖို့အတွက် အသုံးပြုနေတဲ့ တရုတ်နည်းပညာ ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေ တင်သွင်းရောင်းချခွင့် ပိတ်ပင်တာနဲ့ပတ်သက်ပြီး ရီပတ်ဘလစ်ကန် နှစ်ဦးနဲ့ ဒီမိုကရက်ပါတီဝင်(၂) ဦးအပါအဝင် အေဂျင်စီက ကော်မရှင်နာလေးဦးလုံးက ထောက်ခံခဲ့ကြပါ တယ်။ 

Ref: Channelnewsasia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.