လောင်းလုံး၊ နိုဝင်ဘာ (၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်နဲပျူစောထီးအဖွဲ့ဝင် အင်အား ၆၀ လောက်ဟာ ညောပြင်ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံအရပ်သားပြည်သူ ၂ ဦးကို ဖမ်း ဆီးသတ်ဖြတ်သွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ညောပြင်ကျေးရွာ ဒေသခံ ဦးလေးဝါစား၊ ကိုကျော်စိုးတို့ကို ဖမ်းဆီးရိုက်နှက်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ညောပြင်ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျုစောထီးအဖွဲ့ဝင်တွေဟာ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံနေအိမ်တွေကနေ တန်ဖိုးရှိပစ္စည်းတွေကိုလည်း ဝင်ရောက်ယူဆောင်သွားတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ညောပြင်ကျေးရွာက ဒေသခံပြည်သူ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ညောပြင်ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ လောင်းလုံးဘက်ကို ပြန်လည် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်ထဲက ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်ဟာ PDF တွေကို ဝင်ရောက်ရှာဖွေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီပစ်ခတ်သတ်ဖြတ်တာ၊ ပြည်သူပိုင် ပစ္စည်းတွေကို အတင်းအဓမ္မယူ ဆောင်တာတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.