မွန်လူငယ်ဆုံရပ် (MYF) ဟာ ဒေသအတွင်းက မွန်လူငယ်တွေရဲ့ နိုင်ငံရေး၊ ပညာရေး၊ စာပေယဉ်ကျေးမှု၊ စွမ်းရည်မြှင့်တင်မှု သင်တန်းတွေအပြင် လူငယ်မူဝါဒတွေ အကောင်အထည် ဖော်နိုင်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ် အာဏာသိမ်းပြီးနောက် မွန်လူငယ်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။ စစ်ကောင်စီဘက်က လာရောက် တားဆီးကန့်သတ်တာတွေ ရှိနေလား။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်လူငယ်ဆုံရပ် (MYF) ပြောခွင့်ရ ကိုမြင့်စိုးနဲ့ ဆက်သွယ်မေးမြန်းချက်။ အရင်ဆုံးအနေနဲ့ လက်ရှိကာလမှာ မွန်လူငယ်ဆုံရပ် (MYF) အနေနဲ့ ဘာတွေ လုပ်ဆောင်ဖြစ်နေပါသလဲ။

ဒီလိုမြို့နယ်အဆင့်ရှိတဲ့မွန်လူငယ်တွေအားကောင်းလာအောင် ကောင်းတယ်ဆိုတဲ့နေရာမှာ ကဏ္ဍနှစ်ခု ရှိတယ်။ တချို့မြို့နယ်တွေမှာကျတော့ မြို့နယ်အဆင့်လူငယ်အဖွဲ့ မရှိတဲ့မြို့နယ်တွေလည်း ရှိတယ်။ ရှိလာအောင် ကျွန်တော်တို့စည်းရုံးပြီးတော့ အသစ်ပြန်လည်ဖွဲ့စည်းပေးတာလည်း ရှိတယ်။ နောက်တချို့မြို့နယ်တွေကျတော့ ရှိရဲ့သားနဲ့သူတို့က ပြန်ကွဲသွားတဲ့သဘောရှိတယ်။ အဲဒီလိုကျတော့ပြန်ပြီးစုစည်းတယ်။ အရင်ကတိုင်းအခြေအနေပြန်ရောက်အောင် သူတို့ကိုစည်းရုံးတယ်။ ဖွဲ့စည်းပေးတာလည်းရှိတယ်။ ရှိနေတဲ့ အချို့မြို့နယ်တွေမှာကျတော့ မြို့နယ်အဆင့် လူငယ် အဖွဲ့တွေရှိတယ်။ ရှိတဲ့အဖွဲ့တွေကိုပူးပေါင်းပြီး အတူတကွ အကောင်အထည် ဖော်ဆောင်နေတာရှိတယ်။ အဲဒီလိုပုံစံမျိုးတွေကျွန်တော်တို့ကသွားနေတယ်။

မွန်လူငယ်ရေးရာတွေ ကိစ္စတွေ ဆောင်ရွက်ရာမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။နောက်ပြီး စစ်ကောင်စီဘက်က အသင်းအဖွဲ့တွေ မှတ်ပုံတင်ဖို့ ဥပဒေပြဌာန်းလာတဲ့အပေါ်မှာ ဘယ်လို အခက်ကြုံနေရပါသလဲ။

တကယ်လို့သူတို့အဖွဲ့အစည်းမှတ်ပုံတင်ခြင်းကိစ္စနဲ့ပက်သက်ပြီး သူတို့ရဲ့တရားဝင်လမ်းကြောင်းနဲ့သွားရင် အများကြီးအခက်အခဲရှိတယ်။ မှတ်ပုံတင်ခြင်းကိစ္စကျတော့ ကျွန်တော်တို့ ဆွေးနွေးဆုံးဖြတ်တာတွေ မရှိသေးဘူးပေါ့နော်။ နောက်ဆိုဘယ်လိုလာမှန်းမသိဘူး။ ဒီစည်းရုံးရေးဆင်းတဲ့ကာလမှာ အရာအရာ ဂရုစိုက်ပြီးသွားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က စကစဘက်ကို ပါဝင်တဲ့လူငယ်တွေ မဟုတ်သလို အခြားသောအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ပူးတွဲပြီးတော့ ထောက်ပံ့ပြီးတော့လုပ်ဆောင်နေတဲ့ ပုံစံမျိုးတင်မဟုတ်ဘူး။ ကျွန်တော်တို့မွန်ပြည်နယ်အတွက် အဓိကလုပ်တဲ့လုပ်ငန်းစဉ်တွေကိုပဲ အဓိကလုပ်တာပေါ့။ အခြားလုံခြုံရေးဆိုင်ရာကိစ္စရပ်မှအပ ကျွန်တော်တို့ တခြားဘာမှဆောင်ရွက်ထားတာ မရှိဘူး။ ဘယ်လိုလုပ်ရမလဲ။ ဒီမှာအခက်အခဲကတော့ ဒီလိုအခြေအနေမျိုးမှာသွားရလာရတာတော့ ကျွန်တော်တို့လူငယ်တွေအတွက် အများကြီးကြုံလာနိုင်မယ့်စိန်ခေါ်မှုတစ်ရပ်လို့ကျွန်တော်မြင်ပါတယ်။ တခြား သူတို့နဲ့ပါဝင်ပတ်သက်တာတွေကတော့ ကျွန်တော်တို့ဘာမှမရှိဘူး။ သူတို့က ကျွန်တော်တို့ဆီ လာရောက်အကြောင်းကြားတာတွေမရှိသေးဘူး။ ကျွန်တော်တို့လည်းဒီအတွက်ကို  စဉ်းစားထားတာတွေ မရှိသေးဘူးပေါ့။

မွန်လူငယ်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်မှာ စစ်ကောင်စီဘက်က လာရောက် တားဆီးကန့်သတ်တာတွေ ရှိနေလား။ ဘယ်လို အခြေအနေတွေကို ရင်ဆိုင်နေရလဲ။

ကျွန်တော်တို့မှာတော့မရှိဘူး။ကျွန်တော်တို့ကပူးတွဲလုပ်ဆောင်တယ်။ဒီမြို့နယ်လူငယ်အဖွဲ့တွေရယ်တခြားဒေသကသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပဲပူးပေါင်းပြီးလုပ်တာ။စကစနဲ့တခြားတင်ပြတာတွေလာရောက်မေး

မြန်းတာတွေမရှိသေးဘူးခင်ဗျ။

နောက်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် မွန်လူငယ်ရေးရာ ကိစ္စရပ်တွေ လုပ်ဆောင်ရာမှာ ဘယ်လို စိန်ခေါ်မှုနဲ့ ကြုံတွေ့နေရလဲ။

အရင်ကထက်စာရင် ကျွန်တော်တို့ကအများကြီးပြိုင်ဆိုင်မှုတော့ရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုရင် တချို့ငွေကြေးစီမံခန့်ခွဲမှုအတွက်လောက်နဲ့လူစုလို့မရတာတွေ တခြားသွားရလာရလွယ်ကူတဲ့ နေရာမှာ လုပ်ချင်တာတွေ မလုပ်ရဘူးပေါ့။ လူငယ်တွေကလုံခြုံရေးရှေးရှုသောအားဖြင့် လုံခြုံတဲ့နယ်မြေတွေဆီကိုပဲ ကျွန်တော်တို့ကအလုပ်လုပ်ရတာရှိတယ်။ အရင်ကထက်စာရင်တော့ အများကြီးပဲကျွန်တော်တို့အတွက် စိန်ခေါ်မှုကအချိန်မရွေးရှိလာနိုင်တယ်။ အရင်ကထက်စာရင်တော့ကျွန်တော်တို့အခက်အခဲတွေရှိတယ်။

ဒီနောက်ပိုင်းမှာ မွန်ပြည်နယ် အပါအဝင် မွန်လူမျိုးတွေ နေထိုင်ရာ နေရာဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားတာ ရှိတော့ လူငယ်ရေးရာကိစ္စရပ်တွေကို ဘယ်လိုပုံစံတွေနဲ့ ဆောင်ရွက်နေလဲ။

ဒီအခြေအနေကိုကြည့်တာတိုက်ပွဲဖြစ်ကာစကာလကတော့ ကျွန်တော်တို့ရှောင်တယ်။ ကျန်တဲ့ အချိန်ကတော့မရှောင်ဘူးဘာကြောင့်ဆိုကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တဲ့ကျွန်တော်တို့လူငယ်တွေရဲ့ဖွံဖြိုးရေးကို ရှေးရှုပြီးတော့ မဖြစ်မနေလုပ်ဆောင်ရမယ့် စည်းရုံးရေးဖြစ်ဖြစ်တခြားသူတို့ရဲ့ စွမ်းရည်မြှင့် အစီအစဉ်တွေကိုမဖြစ်မနေလုပ်ရတယ်။ကျွန်တော်တို့အကောင်အထည်ဖော်နေတဲ့ကိစ္စမှာတကယ်လို့သာ တိုက်ပွဲတွေဖြစ်ရင် ရပ်နားထားရမယ်။ တခြားဒေသကို ခဏတော့ပြောင်းသင့်ပြောင်းရမယ်။ အစီအစဉ် ကတော့မဖျက်ဘူး။ လုပ်လို့ရသလောက်ကိုတော့ လုပ်သွားမယ်။ ဘယ်ဘက်မှထိခိုက်အောင်မလုပ်ဘူး။ စကစကလည်းသူတို့လုပ်နေတဲ့ပုံစံရော တဖက်တော်လှန်ရေးအဖွဲ့တွေလုပ်တဲ့ လုပ်ငန်းကိုလည်း ကျွန်တော်တို့မကန့်ကွက်ဘူး။ ဒီအတိုင်းသူတို့လုပ်တဲ့အတိုင်းသူတို့လုပ်ပါစေ။ ကျွန်တော်တို့ လုပ်သင့် လုပ်ထိုက်တဲ့အပိုင်းကိုပဲသွားနေတာ။ ဒါပေမယ့်လုံခြုံရေးအရတော့ အခြေအနေတစ်ခုကို ကြည့်လုပ်ဆောင်နေတယ်။ ဒါပေမယ့် ဘယ်ဒေသကိုမှ ချန်လှပ်ထားတာမရှိဘူး။ မွန်လူငယ်တွေရှိတဲ့ ဒေသကို လက်ရှိတော့လုပ်နေတယ်။ တခြားလုပ်ဆောင်မှုတွေရှိနေတယ်။ အခြေခံမူတွေ ရေးဆွဲထားတာလည်း ရှိနေတယ်။

နောက်ဆုံးအနေနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ကဏ္ဍအလိုက်မှာ မွန်လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှု အခြေအနေက ဘယ်လိုတွေ ဆက်ရှိနေလဲ။

ဒါကတော့ပုံမှန်အတိုင်းပဲ။ အတိအကျလူငယ်တွေရဲ့ စည်းလုံးညီညွတ်မှုကို ကျွန်တော်တို့ ရှေးရှုခြင်းအားဖြင့် ရည်ရွယ်ချက်နဲ့လုပ်တဲ့အခါကျတော့ ဒေသခံလူငယ်အတော်များများက သူတို့ပူးပေါင်းပါဝင်မှု အားကောင်းတယ်။ သို့ပေမယ့်လည်း သူတို့ဆီ ကျွန်တော်တို့သွားပြီးတော့မှ ပူးပေါင်းရတဲ့ အခြေအနေ ကရှိတယ်။ ကျွန်တော်တို့သင်တန်း တစ်ခုပေးမယ်ဆိုရင်မော်လမြိုင်မြို့ပဲဖြစ်ဖြစ်တခြား သွားရလာရ လွယ်ကူတဲ့နေရာမှာကျွန်တော်တို့ဆီကို လာနိုင်တဲ့အခြေအနေ သူတို့မှာရှိတယ်။ အခုလက်ရှိ အခြေအနေ မှာကျတော့ အဲဒီလိုမျိုးအခုတော့ပြောင်းသွားတာပေါ့။ ကျွန်တော်တို့ကသူတို့ရှိတဲ့ နေရာသွားရတဲ့ အခြေအနေရှိတယ်။ ပူးပေါင်းပါဝင်မှုအားကတော့ အရင်ကထက်မလျော့သွားဘူး။ ကျွန်တော်နဂိုအတိုင်းပဲ စည်းလုံးညီညွတ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ စည်းရုံးနေတယ်။ သူတို့လည်း ပူးပေါင်းပါဝင်မှုအားလည်း ကောင်းနေတဲ့အခြေအနေတော့ရှိနေတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.