ပေကျင်း – နိုဝင်ဘာ(၂၇)

တရုတ်သမ္မတ ရှီကျင်းဖျင်က ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ လက်တွဲလုပ် ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ပြောခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

မြောက်ကိုရီးယားဟာ သူတို့ရဲ့ အင်အားအပြင်းဆုံး စမ်းသပ်မှုတစ်ခုဖြစ်တဲ့ တိုက်ချင်းပစ်ဒုံး ကျည်ကို စမ်းသပ်ပြီးနောက် ရက်ပိုင်းအတွင်း တရုတ်သမ္မတရဲ့ သတင်းစကားထွက်ပေါ်လာ တာဖြစ်ပြီး ကင်မ်က အမေရိကန်ရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တုံ့ပြန်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားတာပါ။ 

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားဟာ စံချိန်တင် ဒုံးကျည်ပစ်လွှတ်မှုတစ်ခုကို ပြုလုပ်ခဲ့ ပြီး ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှုပြုလုပ်လာမှာကို စိုးရိမ်မှု တွေမြင့်တက်နေပါတယ်။ 

“ဒေသတွင်းနှင့် ကမ္ဘာအရပ်ရပ်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် မြောက်ကိုရီးယားနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း”  လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ KCNA မှာ ဖော်ပြထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ ICBM တိုက်ချင်းပစ်ဒုံးကျည်မပစ်လွှတ်ခင်ရက်ပိုင်းအလိုမှာ သမ္မတ ရှီဟာ ဘာလီမှာ ပြုလုပ်ခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံ ခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၈) ရက်နေ့က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အမေရိကန်ပြည်မကြီးကို ထိမှန်နိုင်တဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ် ICBM အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ 

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်၊ဗြိတိန်၊ပြင်သစ်နဲ့ အိန္ဒိယ တို့က ပြင်းထန်စွာရှုတ်ချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေး စုဝေးခဲ့ ကြပြီး ရုရှားနဲ့ တရုတ်တို့ကတော့ သူတို့ရဲ့ အမည်တွေကို ထုတ်ပြန်ချက်မှာ ဖော်ပြတာတွေ မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 

အမေရိကန်ကတော့ တရုတ်နဲ့ ရုရှားတို့ဟာ မြောက်ကိုရီးယားကို နောက်ထပ်ဒဏ်ခတ်မှုတွေ အတွက် အကာအကွယ်ပေးထားတာဖြစ်တယ်လို့ ပြောထားပါတယ်။ 

မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုတွေ တင်းကြပ်ဖို့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ် တွေက လုပ်ဆောင်ခဲ့ပေမယ့် တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီးပယ်ချခဲ့ပါတယ်။ 

လက်ရှိမှာတော့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရတဲ့အတွက် တရုတ်နိုင်ငံက နှစ်နိုင်ငံ ကုန်သွယ်ရေးရဲ့ (၉၀) ရာခိုင်နှုန်းကျော်ကို ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ 

Ref: CN A

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.