တနင်္သာရီ၊ နိုဝင်ဘာ (၂၆)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီလောက်ကစပြီး လယ်သစ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၄၀၀ လောက်ရှိတဲ့ လယ်သစ်ကျေးရွာက ဒေသခံပြည်သူတွဟာ နီးစပ်ရာဆွေ မျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လယ်သစ်ကျေးရွာတိုက်ပွဲဟာ ညနေပိုင်းထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်မှုနဲ့ ပျက် စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လယ်သစ်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သလို အဲဒီတိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၀,၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.