လန်ဒန် – နိုဝင်ဘာ(၂၆) 

လုံခြုံရေးအရအရေးကြီးတဲ့ အဆောက်အအုံတွေမှာ တရုတ်နဲ့ ချိတ်ဆက်ထားတဲ့ စောင့်ကြည့် ကင်မရာတွေ တပ်ဆင်တာကို ရပ်တန့်ဖို့ ဗြိတိန်အစိုးရက နိုဝင်ဘာလ(၂၄) ရက်နေ့က သူတို့ရဲ့ ဌာနတွေကို အမိန့်ပေးခဲ့ပါတယ်။ 

အစိုးရဌာနတွေမှာ ထောက်လှမ်းရေးစနစ်တပ်ဆင်တာနဲ့ ဆက်စပ်နေတဲ့ လက်ရှိနဲ့ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးအန္တရာယ်တွေကိုပြန်လည်သုံးသပ်ပြီးနောက် ဒီဆုံးဖြတ်ချက်ထွက်ပေါ် လာတာဖြစ်တယ်လို့ အစိုးရအဖွဲ့ရုံးဝန်ကြီး အိုလီဗာက ပါလီမန်ကို စာရေးသားထုတ်ပြန်ခဲ့တာပါ။ 

 “ယူကေကို ခြိမ်းခြောက်မှုတွေနဲ့ ဒီစနစ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ချိတ်ဆက်မှုတွေ တိုးလာတာ ကြောင့် နောက်ထပ် ထိန်းချုပ်မှုတွေ လိုအပ်တယ်လို့ သုံးသပ်ချက်မှာ ကောက်ချက်ချထား ပါတယ်” လို့ အစိုးရအဖွဲ့ရုံးဝန်ကြီး က ပြောခဲ့ပါတယ်။ 

ဗြိတိန်ရဲ့ ညွှန်ကြားချက်မှာ တရုတ်လုံခြုံရေးဥပဒေတွေနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီတွေက ထုတ်လုပ် ထားတဲ့ ကင်မရာတွေကို ပင်မကွန်ပျူတာကွန်ရက်တွေမှာ ချိတ်ဆက်မှုဖြတ်တောက်ဖို့နဲ့ အားလုံး ကိုဖယ်ရှားဖို့ ဌာနဆိုင်ရာတွေအတွက် လမ်းညွှန်ချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

 တရုတ်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ဟစ်ဗီရှင်နဲ့ ဒါဟွာတို့က လုံခြုံရေးကင်မရာတွေ ရောင်းချတာနဲ့ အသုံးပြုတာကို တားမြစ်ဖို့ ဥပဒေပြုအမတ်ဒါဇင်ပေါင်းများစွာက တောင်းဆိုပြီးနောက်ပိုင်း ကုမ္ပဏီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ အချက်အလက်တွေ ထွက်ပေါ် လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါဟွာရဲ့ ဗြိတိန်ရုံးက ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာ မရှိဘဲ ဟစ်ဗီရှင်ရဲ့ ကြေငြာချက်တစ်ခုမှာ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး ကုမ္ပဏီအနေနဲ့ ဗြိတိန်အာဏာပိုင် တွေနဲ့ထပ်မံထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ 

” ဟစ်ဗီရှင် သည် end-user များထံမှ အချက်အလက်များကို Third- Party များသို့မပို့နိုင်ပါဘူး၊ ကျွန်ုပ်တို့က end-user databases များကို မစီမံဘဲ ယူကေမှာ cloud storage ကို မရောင်းချပါ” လို့ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ရိုက်တာကို ပြောခဲ့ပါတယ်။ 

အမေရိကန်ကလည်း ဟစ်ဗီရှင်၊ဒါဟွာနဲ့ တခြား တရုတ်ကုမ္ပဏီတွေထုတ်လုပ်ထားတဲ့ ကင်မရာ တွေအတွက် ကုန်သွယ်မှုနဲ့ အသုံးပြုမှုကန့်သတ်ချက်တွေကို ထုတ်ပြန်ထားပါသေးတယ်။ 

ဗြိတိန်ပြည်သူ အများစုဟာ တရုတ်ကုမ္ပဏီနှဏ်ခုက ထုတ်လုပ်ထားတဲ့ စောင့်ကြည့် ကင်မရာ တွေကို အသုံးပြုကြတယ်လို့ Big Brother Watch က ပြီးခဲ့တဲ့ဇူလိုင်လမှာ အသိပေးထား ပါတယ်။ 

ပြည်ထဲရေးနဲ့ စီးပွားရေးဝန်ကြီးဌာနတွေအပါအဝင် အစိုးရဌာနအများအပြာင်းဟာလည်း သူတို့ရဲ့ အဆောက်အဦးတွေရှေ့မှာ တရုတ်ကုမ္ပဏီထုတ် စောင့်ကြည့် ကင်မရာတွေကို သိသာထင်ရှားစွာ အသုံးပြုနေတာဖြစ်တယ်လို့ (BBW) အဖွဲ့က ဆိုထားပါတယ်။ 

လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေ မပေါ်ပေါက်စေဖို့ အရေးယူဆောင်ရွက်နေတယ်လို့ ဗြိတိန် အစိုးရအဖွဲ့ဝန်ကြီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Ref: CN A

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.