ဘန်ကောက် – နိုဝင်ဘာ(၂၆) 

ဇနီးသည်ရဲ့ မြေကို မတရားသိမ်းယူပြီး လေလံတင်ရောင်းချခဲ့တဲ့အတွက် တရားမျှတမှုလိုလား နေတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဘူရီရမ်ပြည်နယ်က လယ်သမားတစ်ဦးဟာ သူ့ရဲ့ ထရပ်ကား မှာ ဓာတ်ဆီ(၅) ဂါလံကို မီးရှူးမီးပန်းတွေနဲ့အတူတင်ဆောင်ပြီး ဘူရီရမ်တရားစီရင်ရေးရုံးကို မောင်းသွင်းခဲ့ပါတယ်။ 

ဖွန်ထိုင်းဆောင် ခရိုင်ဒေသန္တရက အသက်(၅၈) နှစ်အရွယ်မနော့ပ်ဟာ ကား နောက်ခန်းမှာ ဓာတ်ဆီတွေတင်ဆောင်ပြီး ထရပ်ကားကို မီးရှို့ကာ တရားစီးရင်ရေးရုံးရဲ့ ဂိတ်ပေါက်ကို ဝင်တိုက်ခဲ့တာပါ။ 

တရားရုံးထဲကို မောင်းနှင်လာချိန်မှာ အဲဒီပုဂ္ဂိုလ်ရဲ့ ညီမဖြစ်သူလည်း ရုံးခန်းအပြင်ဘက်မှာ စောင့်ဆိုင်းနေပြီး ယာဉ်မောင်းထိုင်ခုံနောက်ဘက်မှာလည်း မီးမလောင်ခင် ပေါက်ကွဲသံနှစ်ခု ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ 

အဲဒီအမျိုးသားဟာ ဇနီးသည်အမည်ပေါက် လယ်မြေ(၆) ဧကကို စိုက်ပျိုးရေးနဲ့ သမဝါယမ ဘဏ်(BAAC) က သိမ်းယူခဲ့တယ်လို့ တရားရုံးကို တိုင်ကြားထားတာဖြစ်ပါတယ်။ 

သူတို့ရဲ့ သိမ်းဆည်းခံလိုက်ရတဲ့ လယ်မြေတွေကို ပြန်လည်ရရှိဖို့ ကူညီမယ်လို့ အစိုးရအရာရှိ တွေနဲ့ ရှေ့နေတွေက ပြောခဲ့ပြီး ဘတ်ငွေ(၃) သိန်းကုန်ကျနိုင်မယ်လို့လည်း ပြောခဲ့တယ်လို့ သိရ ပါတယ်။ 

မနော့ပ်က ကုန်ကျစရိတ်တွေကို ပေးအပ်ခဲ့ပေမယ့် ဇနီးသည်ပိုင်ဆိုင်တဲ့ မြေကို လေလံတင် ရောင်းချထားပြီးဖြစ်သလို အကျိုးဆောင်ခပေးထားတဲ့ ငွေကိုလည်း ပြန်လည်ပေးဆောင်မှာ မဟုတ်ဘူးလို့ ပြောဆိုခံလိုက်ရတဲ့အတွက် အခုလိုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဘူရီရမ် ရဲစခန်းကတော့ မနော့ပ်ဆိုသူကို အစိုးရပိုင်ပစ္စည်းတွေ ထိခိုက်စေပြီး မီးရှို့ဖျက်ဆီး ခဲ့တဲ့ အတွက် တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ 

တရားစွဲခံရနိုင်တဲ့မနော့ပ်ဟာ အစိုးရပိုင်ပစ္စည်းတွေကို ထိခိုက်စေဖို့ မရည်ရွယ်ပေမယ့် ထိခိုက်ခံ စားရသူတွေရဲ့ စကားတွေကို သက်ဆိုင်ရာက နားထောင်စေလိုတဲ့အတွက် ဒီလိုလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဒီလယ်မြေတွေဟာ သူတို့ရဲ့ မိဘတွေ ဆုံးပါးသွားပြီးနောက်ပိုင်း အမွေဆက်ခံခဲ့တာ တွေဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

Ref:Thethaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.