မော်လမြိုင် – နိုဝင်ဘာ(၂၅)

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့အထိ အိမ်တွင်း အကြမ်းဖက်မှု(၁၁၁) မှု၊ စစ်တပ်ကကျူးလွန်ထားတဲ့ မုဒိမ်းမှု(၁၆) မှုနဲ့ အရပ်သားက ကျူးလွန်ထား တဲ့မုဒိမ်းမှု(၁၄) မှုထက်မနည်းရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma (WLB) က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၅) ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နေ့အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ရှည်လျားတဲ့ ပြည်တွင်းစစ်ပဋိပက္ခတွေဖြစ်ပွားနေပြီး အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေလုပ်ဆောင်နေတာဟာ ဖိုဝါဒကြီးစိုးတဲ့ စနစ်ကျင့်သုံးတာအပြင် စစ်အာဏာရှင်စနစ်ကြောင့်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်တပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုရာဇဝတ်မှုတွေကျူးလွန်နေတဲ့ တရားခံဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေရပ်တန့်စေဖို့နဲ့ တရားမျှတမှုရရှိအောင် နိုင်ငံတကာ တာဝန်ရှိသူတွေက အနေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ WLB က တောင်းဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသမီး၊အမျိုးသမီးငယ်နဲ့ လိင်စိတ်ကွဲပြားသူတွေ အပါအဝင် ပြည်သူအားလုံးဟာ လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ် ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.